
အခုခေတ် စုံတွဲတွေ တော်တော်များများဟာ မဂ်လာ မဆောင်ခင် Pre wedding ဓာတ်ပုံ ရိုက်ကြတာ အလေ့အထ တစ်ခုလိုတောင် ဖြစ်နေပါပြီ။
အများစုကတော့ အမှတ်တရ ဖြစ်အောင် အရမ်းလှတဲ့ နေရာလေးတွေ သွားရောက်ပြီး ဓာတ်ပုံ ရိုက်ကူးကြပါတယ်။
တစ်ချို့ကျတော့လည်း ဘဝ တစ်လျှောက်လုံး အတွက် အမှတ်တရ ဖြစ်စေဖို့ ရည်ရွယ်ပြီး အထူးအဆန်း တွေ လုပ်ကြတာလည်း မနည်းပါဘူး။
အခုပြောပြပေးမယ့် စုံတွဲကတော့ အများနဲ့မတူ တစ်မူထူးခြားအောင်ဆိုပြီး ညစ်ပတ်ပေရေနေတဲ့ ရွံ့ပွက်ထဲ ဆင်းပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
ဒီဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာပြီး လူပြောများနေတာ ဖြစ်ပါတယ်။
Shwe Yaung Myanmar ( Writer – WPO )
Photo – Original
photo
photo
photo
photo
photo
photo