မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားပရဝုဏ်၌ ရခိုင့်ဘုရင် စန္ဒသူရိယမင်းဟုယူဆရသော ရှေးဟောင်းရုပ်ထုတခု တူးဖော်တွေ့ရှိခဲ့

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမြတ်မုနိရုပ်ရှင် တော်ဘုရားပရဝုဏ် မှာ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းအ တွက် မြေတူးနေ စဉ် ညနေ ၄နာရီခန့်က ရှေး ဟောင်း နတ်ရုပ်ထုကိုတွေ့ရှိရတယ်လို့သိရပါတယ်။



လက်ရာဟန်အမူအရ ဓညဝတီခေတ် AD ၁ရာစုဝန်းကျင်လို့ ခန့်မှန်းကြပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀၀၀နီးပါးပါ။ ဒါ့အပြင်ရခိုင်ဘုရင်စန္ဒသူရိယမင်း ရုပ်ထုလို့ လည်း ခန့် မှန် ပြောကြပြန်ပါတယ်။ မဟာမုနိပရဝုဏ်ဟာ ရခိုင်ပြည်မှာ




အဓိက အထွဠ်အမြတ်ထားရာနေရာဖြစ်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက မဟာမုနိဘုရားပုရဝုဏ်အတွင်းရှိ မြောက်ဖက်ဆင်းလမ်းစောင်းတန်း အရှေ့ဖက် တွင် အဆိုပါရုပ်ထု၏ ဦးခေါင်းအနည်းငယ်ပေါ်နေရာကို


အလုပ်သမားတစ်ချို့တွေ့စဉ် တူးဖော်ကြည့်ရာမှ ယခုကဲ့သို့ထွက်ပေါ်လာခြင်းဖြစ်ကြောင်းမဟာမြတ်မုနိဂေါပကအဖွဲ့မှဥက္ကဌဦးသာလှအောင်ကပြောပါတယ်။လက် ရှိပြုပြင်ရေးတွေလုပ်နေတဲ့ အလုပ်သမားတွေက



“ရုပ်ထုက မြေပေါ်မှာအနည်းငယ်ပေါ်နေတာကိုတွေ့လို့ ဆက်ပြီးတူးလိုက်တဲ့အခါ ပေါ်လာတာပါ။ အဲ့ဒီရုပ်ထုကို မြောက်ဖက်ဆင်းလမ်း စောင်းတန်း ရဲ့ အရှေ့ဖက်မှာ တူးဖော်ရရှိတာပါ။ တစ်ချို့က စန္ဒသူရိယမင်းကြီးအရုပ်ဆိုပြီး


ပြောနေကြတယ်။ ကျွန်တော်လည်းသေချာကြည့်ရဦးမယ်။ သက်တမ်းတွေ ဘယ်လောက်ထိရှိနေပြီဆို တာ ကြည့်ရဦး မယ်”ဟုပြော သည်။ အဆိုပါ ရုပ်ထု နှင့်ပတ် သက် ၍ မဟာမုနိဆရာတော်ကြီး၏သြဝါဒခံယူကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဆွေးနွေးညှိနှိုင်း၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုဆုံးဖြတ်သွားမည်ဖြစ် ကြောင်း ဦးသာလှအောင်ကပြောသည်။


လေးစားစွာဖြင့် ခရက်ဒစ်