လူငယ်အများစုလွဲမှားနေသောအရှက်အကြောက်တရားများ

ခုခေတ်လူငယ် အများစု အရှက် အကြောက်တရားနဲ့ ပတ်သက်လာရင် တလွဲ ဆံပင် ကောင်းနေကြတယ်။ ရှက်ရ ကြောက်ရမယ် ဆိုတာ ဘာကို ရှက်သင့်လို့ ဘာ‌ကိုကြောက် ရမှန်း မသိရှာကြပေ။


ကိုယ်တွေ့ ကြုံရ သလောက် ပြောရရင် မိဘကို အာခံပြီး တုန့်ပြန်ရမှာ ကို ကျတော့ မရှက် မကြောက် မိဘကို ကိုယ်လုပ်မိတဲ့ အမှား ဝန်ချတောင်းပန် ရမှာ ၊ ကျေးဇူ းဂုဏ်ကို ရှိခိုး ရမှာတော့ ရှက်ကြ ကြောက်ကြ တယ်။မိဘကွယ်ရာမှာ ရည်းစားနဲ့ အလေ လိုက်လို့ ဖြစ်ချင်ရာဖြစ်နေပြီး မိဘကိုတော့ မသိအောင် လိမ်ကြ ညာကြ ရတာ မရှက်ကြ မကြောက်ကြ၊ အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ပိုင်းခြားစေဖို့ မိဘကို အမှန်တိုင်း ရိုးရိုးသားသား ဝန်ခံ ရမှာတော့ ရှက်ကြ ကြောက်ကြတယ်။


မိကောင်းဖခင် သားသမီးပီပီ စကားကို ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာပြောဖို့ရာတော့ ရှက်တာလိုလို ကြောက်တာ လိုလိုနဲ့ အောက်တန်း ကျတဲ့ ဗရမ်းဗတာ ရိုင်းစိုင်း ယုတ်မာတဲ့ စကားပြောဖို့ကျတော့ မရှက်ကြ မကြောက်ကြဘူး။


လမ်းမှာ စတုဒီတာ အလှူလုပ်နေ တာတွေ့လို့ ဒါနပိုမြောက်အောင် ထမင်းဝင်စား ရမှာ ကိုတော့ ရှက်တာလိုလို ကြောက်တာလိုလိုနဲ့၊ ဟိုတယ်တွေ တည်းခိုခန်းတွေ မှာ ရည်းစားနဲ့သွားပြီး သာယာနေကြတာတော့ မရှက်ကြ မကြောက်ကြ ဘူး။


လမ်းမှာ ရဟန်းသံဃာနဲ့ တွေ့ဆုံတဲ့ အခါ ခေါင်းလေးငုံ လက်အုပ် ကလေးချီပြီး ရှောင်ကွင်း ရမှာတော့ ရှက်တာလိုလို ကြောက်တာ လိုလို၊ ခေါင်းလည်းမငုံ့ လက်အုပ်လည်း မချီပဲ ရှောင်သူ ကရှောင်၊ ဆိုင်ကယ် ၊ ကား မောင်းလာ သူကလည်း အရှိန် လျှော့ရမှန်း မသိတဲ့ အဂါရ၀ စိတ်ဓာတ် ကိုတော့ မရှက်မကြောက်ကြ ဘူး။


Facebook မှာ ဆိုလည်း အရှက်အကြောက် ထားရမယ့် နေရာကျ မရှက်ကြ မကြောက်ကြ တာတွေ အများအပြား ရှိနေကြ တယ်။လုပ်သင့် လုပ်ထိုက်တဲ့ ကောင်းတာ မှန်သမျှကို ရဲ့ရဲဝံ့ဝံ့ လုပ်ရဲပြီး မလုပ်သင့် မလုပ်ထိုက်တဲ့ မကောင်းတာတွေကို မလုပ်ရဲ ခြင်းကသာ စစ်မှန်တဲ့ အရှက် အကြောက်ဖြစ် တယ်။ဒါကြောင့် အရှက် အကြောက်တရားတွေနဲ့ တလွဲ ဆံပင်ကောင်း မနေကြပါနဲ့လို့ ဆန္ဒပြုရင်းး

မေတ္တာဖြင့်