ဘဝမှာ စိတ်ချမ်းသာအောင်နေနည်း (၁၀) နည်း

ဘဝမှာ စိတ်ချမ်းသာအောင်နေနည်း (၁၀) နည်း

နောက်ဆုံးတော့ သဘောအကျဆုံး စာသားလေးတွေ့ခဲ့ပြီလေ

၁။ သူများပြောတိုင်း လိုက်ပြီးမခံစားနဲ့။ (ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ် စသည်ဖြင့်)💛💛💛💛

၂။ ပြီးခဲ့တဲ့ ဒေါသထွက်စရာတွေ စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။💛💛💛

၃။ မဖြစ်သေးတဲ့ အကြောင်းအရာတွေကို စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။💛💛💛

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။💛💛💛

၅။ ကိုယ့်အကြောင်းကို ကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်း ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။ (ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)💛💛

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက် နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။ (ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲယူပါ)💛💛

၇။ ကိုယ့်ချစ်သူက သစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ သူ့အကြောင်းကို စောစောစီးစီး သိလိုက်ရလို့……….💛💛 အသဲကွဲချင်လဲ ယာယီတော့ အသဲကွဲ မစားနိုင်မသောက်နိုင် တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။ (ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)💛💛

၈။ များများ ယူဖို့ထက် များများပေးနိုင်အောင် ကြိုးစား။ (သူများကို များများပေးနိုင်လေ စိတ်ချမ်းသာရလေပဲ)💛💛

၉။ ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး ဂရုမစိုက်မိစေနဲ့။💛💛

၁၀။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။💛💛 (ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ မျှော်လင့်ပါ)💛💛💛

Credit – Original Writer