အုန်းရည်ကို တစ်ပတ်လုံး သောက်သုံး လိုက်ရင် ဒါတွေ ဖြစ်လာလိမ့်မယ်

အုန်းရည်ကို တစ်ပတ်လုံး သောက်သုံး လိုက်ရင် ဒါတွေ ဖြစ်လာလိမ့်မယ်

တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။

ဒါပေမယ့် အုန်းရည် ကို အချိန်ကြာကြာသောက်မယ် ဆို ရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။

(၁) ကိုယ်ခံအားကောင်းလာမယ်။ အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

(၂) အားပြည့်လာမယ်။ တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည် ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။

(၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။ သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

(၄) အစာခြေစနစ်ကောင်းလာမယ်။ သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။

(၅) ဝိတ်ကျလာမယ်။ အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

(၆) ခေါင်းကိုက်သက်သာစေတယ်။ လေ့လာချက်တွေ အရတော့အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇) ငယ်ရွယ်နုပျိုစေတယ်။ အချိန်ကြာကြာသောက်လာတာနဲ့အမျှအသားအရေ ပြောင်းလဲမှုတွေတောင်ဖြစ်လာနိုင်ပါတယ်။

Credit – Original Writer