မိန်းကလေးတွေ ပျင်းတိုင်း စဥ်းစားမိတတ်တဲ့ အကြောင်းအရာ (၄ မျိုး)

မိန်းကလေးတွေက ကမ္ဘာ့အထူးဆန်းဆုံး သတ္တဝါတွေလို့တောင် အမှတ်မှားလောက်အောင် သူတို့ အကျင့်တွေက တမူ ထူးခြားလွန်းလှပါတယ် …။

ရစ်တဲ့နေရာမှာ နှစ်ယောက်မရှိအောင် တော်ကြတာ များသလို ပျင်းတဲ့အခါမှာလည်း ဖြေရခက်လောက်အောင် အတွေးများတတ်တဲ့ သူလေးတွေ ဖြစ်ပါတယ် …။

သူတို့တွေ ပျင်းနေပြီဆိုတာနဲ့ ဒီအရာတွေကို တွေးနေတတ်ကြပါတယ်နော် …။

(၁) ဘာစားရင် ကောင်းမလဲ။

ပျင်းတာနဲ့ စတွေးတာကတော့ ဘာစားရင် ကောင်းမလဲ ဆိုတာပါ …။ ပျင်းနေတဲ့အခါ သူတို့က စားစရာ စားဖို့ တန်းတွေးနေတတ်ပြီး စားစရာပုံတွေနဲ့ ဗီဒီယိုတွေကို အွန်လိုင်းမှာ လိုက်ရှာနေတော့တာပါပဲ …။ ဟိုဟာလုပ်စားရင်ကောင်းမလား မကောင်းမလားနဲ့ ဘာမှ မစားဖြစ်ပဲ ပျင်းရိနေတာကလည်း သူတို့လေးတွေပါပဲ …။

(၂) ငါနဲ့ ဘာနဲ့လိုက်လဲ။

ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အခါ သူတို့က ဖက်ရှင်တွေကို သတိရ သွားတတ်ကြပါတယ် …။ မင်းသမီးပုံတွေ၊ အင်္ကျီဒီဇိုင်းတွေကို လိုက်ကြည့်ပြီး ငါက ဘယ်လို အဝတ်အစားနဲ့ လိုက်လဲနဲ့ သူတို့ ကြိုက်တာက သူတို့နဲ့ လိုက်လားဆိုတာတွေ လိုက်တွေးနေတတ်ကြပါသေးတယ် …။ အရမ်း စိတ်ပါသွားရင်တော့ ဘီရိုထဲကနေ တထည်ပြီး တစ်ထည် ထုတ်ဝတ်ကြည့်တော့တာပါပဲနော် …။

(၃) အပြင်သွားရင်ကောင်းမှာပဲ။

သူတို့တွေက ပျင်းပြီး တကယ့်ကို ဘာမှ လုပ်စရာ မရှိတော့ဘူးလို့ ထင်တာနဲ့ အပြင်သွားရင် ကောင်းမလားဆိုပြီးလည်း တွေးတတ်ကြပါတယ် …။ ဘယ်သွားရင် ကောင်းမလဲ စဉ်းစားရင်းကနေ ခရီးစဉ်တွေ အကြောင်းတွေပါ လိုက်ဖတ်မိရင်း အွန်လိုင်းပေါ်ကနေ ကမ္ဘာပတ်ဖြစ်နေတာကလည်း သူတို့တွေပါပဲ …။

(၄) ဆံပင်ကို ဘယ်လိုပုံစံလုပ်ရင် ကောင်းမလဲ မသိဘူး။

သူတို့ ပျင်းတဲ့အခါ ဆံပင်လည်း အငြိမ်နေရတာ မဟုတ်ပါဘူး။ မှန်ကို ကြည့်လိုက် ငါ ဘယ်လို ပုံစံနဲ့ လိုက်လဲဆိုပြီး စိတ်ကူးယဉ်လိုက်နဲ့ ဆံပင်ပုံစံတွေကို အင်တာနက်မှာ လိုက်ရှာ နေတတ်ပါသေးတယ်နော် …။ ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။