နိုင်ငံခြားသားတစ်ယောက် ထောက်ပြတဲ့ သွေးထွက်အောင် မှန်လွန်းမက မှန်လွန်းသော မြန်မာတို့ရဲ့အကျင့်စရိုက်

(၁) လုပ်ငန်းခွင်မှာ အချိတ်အဆက်ထိထိမိမိနဲ့ တစ်စုတစ်စည်း ညီညီညွတ်ညွတ်လုပ်ဖို့ အရမ်းအားနည်းတယ်။ (အချိတ်အဆက် အညှိအနှိုင်းလုပ်ဖို့ အလေ့အထ မလုပ်လို၊ အရာရာ ကိုယ့်ခြေကိုယ့်လက်သာ ဖြစ်လိုတယ်။)

(၂) အချင်းချင်း Sharing and Caring (ဖြန့်ဝေဖေးမမှု) ဆိုတာ အရမ်းအားနည်းတယ်။ (မနာလိုအားကြီးလွန်း, ဝန်တိုလွန်လွန်းတယ်။)

(၃) တစ်ဖက်သားရဲ့ အားနည်းချက်ကိုရှာပြီး တိုက်ခိုက်တယ်၊ ကိုယ် နေရာရဖို့အတွက်ပဲ စဉ်းစားတယ်။ (ဖယ်ထုတ်, ခြေထိုး, ပုတ်ချဖို့ အာရုံထားတယ်။ ရန်ဘက်လို နှိပ်ကွပ်တယ်။ နေရာမက်, နေရာရှာ, နေရာလုချင်ကြတယ်။)

(၄) ငါ သိ, ငါ တတ်ဆိုတဲ့မာန အရမ်းများတယ် (Ego)၊ ငါ လေ့လာသင်ယူစရာ အများကြီးရှိသေးတယ်ဆိုတာ ဘယ်တော့မှ ဝန်မခံဘူး။(အောက်ကျမှာ ထင်ကြတယ်။)

(၅) Team Work ဆိုတာ အရမ်းနည်းတယ်၊ Individual Hero ပဲ လုပ်ချင်ကြတယ်။ (တစ်ဗိုလ်တည်း မောက်ကြွားချင်တယ်။ တစ်ဆူတည်း အချက်အချာ ဖြစ်ချင်တယ်။)

(၆) Responsibility and Accountablity တာဝန်ယူမှု, တာဝန်ခံမှု အရမ်းနည်းတယ်။(မဆိုင်သလို လုပ်ချင်, ထားခဲ့ချင်တယ်။)

(၇) အလျင်အမြန်ဆုံးဖြတ်ပြီး ချက်ချင်းလက်ငင်း Action ယူဖို့ မစဉ်းစားဘဲ မင်းကြောင့်, ငါ့ကြောင့်ဆိုပြီး အပြစ်တင်တာ အရမ်းများတယ်။ (အလွတ်ရုန်းချင်တာ, ဝန်မခံလိုတာ, အတွန့်တက်ပြတာ များတယ်။)

(၈) Customer-oriented လုံးဝ မရှိဘူး။ (Duty လို့, Service လို့ မခံယူဘူး၊ အသားလွတ် အထက်စီးယူချင်တာ စရိုက်လို ဖြစ်နေတယ်။)

(၉) ရေရှည်စီမံကိန်း, ရေတိုစီမံကိန်းဆိုတာကို အလေးမထားဘူး၊ ပြီးပြီးရော ဖြတ်သန်းတယ်။(နိုးကြား ထကြွ မြော်မြင် မရှိဘူး၊ ဖြည့်ဆည်းနေမှု မရှိဘူး၊ ရှိဖို့ မလုပ်ဘူး။)

(၁၀) ဘက်လိုက်မှုနဲ့ Personal Emotion အရမ်းကို ဦးစားပေးလွန်းတယ်။ (ပုဂ္ဂလ Judgement ပဲ လုပ်ချင်တယ်၊ အဂတိများတယ်၊ လူမွေးတာ, အုပ်စုထောင်တာ အားသန်တယ်။)

(၁၁) အောင်မြင်ဖို့အတွက် ပေးဆပ်ချင်စိတ် အရမ်းနည်းတယ်၊ ပေါ့ပေါ့ပါးပါးလေးနဲ့ အောင်မြင်မှု လိုချင်တယ်။(သက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ ပုဂ္ဂလ’စံစား’ဖို့တစ်ခုသက်သက်သာ အာရုံရှိတယ်။)

(၁၂) ဦးဆောင်သူ Leader ဖြစ်ဖို့ထက် Authorized Person ဖြစ်ဖို့ပဲ ကြိုးစားနေကြတယ်။ (မူတွေ, စံတွေ, ထိန်းကျောင်းစနစ်တွေ ဖြစ်လာစေဖို့ထက်၊ Authority နဲ့ မောင်းနှင်အမိန့်ပေးနိုင်မယ့် မိမိအလှည့်ရောက်လာဖို့ကိုသာ လုံးပန်းလိုကြတယ်။)

(၁၃) Internal Politics အရမ်းဦးစားပေးတယ်။ (အဲ့ဒါက major hidden factor ဖြစ်နေတယ်။) ထိုအချက်တွေကို ဂရုထားပြီးအောင်မြင်မှုတွေရရှိအောင်ပြန်လည်မျှဝေတာပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။