ငယ်ငယ်ရွယ်ရွယ်နဲ့ သီလရှင် (ရာသက်ပန်) ဝတ်လိုက်တဲ့ အကြောင်းအရင်းကို ပြောပြခဲ့တဲ့ အဆိုတော်မလေး မေသက်ထားဆွေ

*ဆရာလေး သောမာထေရီ/မေသက်ထားဆွေ* ဆရာလေး ဘယ်နှစ်ရက်ဝတ်မှာလဲ? ရာသက်ပန်ပါဘုရား။

ဆရာလေး ဘာရည်ရွယ်ချက်နဲ့ ဝတ်တာလဲ? စာသင်ပြီး သီလရှင်ဘဝနဲ့ တရားဟောကြားချင်ပါတယ်ဘုရား။

သာဓု သာဓု သာဓုပါဆရာလေး။ 12.5.2021

၂၀၁၉က ရေးခဲ့တာလေးကတော့ ၈.၁၀.၂၀၁၉ ဒီနေ့ သမီးလေးမေသက်ထားဆွေက ဦးဇင်းကိုလျှောက်ထားပါတယ်။ 2020မှာ သမီးဆံပင်ကိုအရင်လှူမယ်ဘုရား။

ပြီးရင် သီလရှင်ကျောင်းမှာ သီလရှင် ဝတ်မယ်လို့စိတ်ကူးထားပါတယ်ဘုရားတဲ့။

မွန်မြတ်လှသော သူ့ရဲ့စိတ်ကူးလေးကို ဦးဇင်းကို ‌လျှောက်ထားပါတယ်။သာဓုပါသမီးလေး။ သမီးရဲ့ကောင်းမြတ်လှတဲ့စိတ်အကြံ အဓိဌာန်တွေ အောင်မြင်နိုင်ပါစေ။

**ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်**

Credit – U Thu Baw Ga