
“ခွင့်ပြုပါတော့ အမေ”
ကာမဂုဏ် နှောင်အဖွဲ့
နှောင်ဖွဲ့လို့ ရှည်ကြာ
ရှောင်မဟဲ့ ဒီသာသနာဝယ်
ကြည်ကြည်သာသာ ခွင့်ပေး
ညိုရောင်သန်း ကေသာနွယ်ကို
ဖြေကာကွယ် ခုဖြတ်လို့တွေး….
မုတ်ဆိတ်နဲ့ ကျင်စွယ်
မခင်တွယ် နှောင်နှေး
ရိပ်ပယ်မည် စိတ်မှာအေးစေဖို့
ရိပ်သာပြေးလို့ ခိုဝင်
အညိုရောင် ဖန်သင်္ကန်းကိုလ
ပန်ဆင်မြန်း ဝတ်တော့မည်ပင်
ရှေးသူမြတ်ထုံး အစဉ်ကို
နှလုံးယှဉ် ဥာဏ်ညှိလို့
သမာဓိ သမ္ပဇဉ် အားစိုက်ဖို့ပြင်
ခွင့်သာပြုပါတော့ မာတုမိခင်ရယ်
သာဓုပင်ခေါ်လိုက်တော့လေး..။
ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားမှ ရေးသားချီးမြှင့်သော
တေးထပ်ဖြင့် သာသနာ့ဘောင်ဝင်ဖို့ ခွင့်ပြုပါရန်
တောင်းဆိုလိုက်ပါသည် ချစ်သောမေမေရေ…
“မေသက်ထားဆွေ”