ကလေးမိဘတွေ အနေနဲ့ သူများက ချစ်လို့ဆိုပြီး လာနမ်းရင် လုံးဝ လက်မခံပါနဲ့ (ဖြစ်ရပ်မှန်)

မိ ဘ တွေ အနေနဲ့ ကလေးငယ်တွေကို သူတစ်ပါးက ချစ်လို့ ကိုင်တွယ်တာ၊ နမ်းတာမျိုးတွေကို ခွင့်မပြုသင့်ပါဘူး။

ဒါ ဟာ ကိုယ့်ကလေးထိခိုက် နစ်နာသွားနိုင်တာထက်စာရင် ဘာမှ အားနာစရာမလိုပါဘူး။

က လေးငယ် တွေ (အထူးသဖြင့် လသားကလေး)ဟာ အလွန်အင်မတန်နူးညံ့ပြီး ကိုယ်တွင်းခုခံအားစနစ်လည်း အားနည်းသေးတာကြောင့် လူကြီးတွေမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်စွမ်းမရှိသေးပါဘူး။

The Sun သတင်း စာတွင် ဖော်ပြထားသော သတင်းအရ အသက် ၆ လသားအရွယ် ‘အော် လာ’ ဆိုတဲ့ ကလေးငယ်လေးဟာ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေက သူ့ကိုကြည့်ရှုဖို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။

ဒီ အချိန်အတွင်းမှာတော့ ကလေးကို ချစ်လို့ နမ်းကြတဲ့ ဆွေမျိုးတွေကို မိခင်အနေနဲ့ မတားသာခဲ့ပါဘူး။

အဲ ဒီနောက် ရက်ပိုင်းအကြာမှာပဲ ကလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေ မြင်မကောင်းအောင် ပေါက်လာပြီး ဝေဒနာခံစားခဲ့ရပါတယ်။

မိ ဘ တွေက ကလေးကို အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရပြီး ဆေးစစ်ခဲ့ရာမှာ ရေယုန်ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်ချက်အရ သိခဲ့ရပါတယ်။

က လေးဟာ ရေ ယုန်ကြောင့် မျက်လုံးတစ်ဖက် ကွယ်လုမတတ်ဖြစ်ခဲ့ပြီး ၂၄ နာရီလောက် ကုသပေးခဲ့မှသာ မျက်လုံးက ပြန်လည်သက်သာလာခဲ့ပါတယ်။

ဒါ ကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို သူစိမ်းဖြစ်ဖြစ် သူကျက်ဖြစ်ဖြစ် နမ်းရှုံ့ကိုင်တွယ်တာကို ခွင့်မပြုသင့်ပါကြောင်း သတိရှိဖို့ လိုပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Original