တစ်နေ့ကို ကြက်ဥ နှစ်လုံး စားသုံးတဲ့အခါ သင့်မျက်လုံး နှင့် ဦးနှောက်မှာ ဒါတွေ ဖြစ်လာလိမ့်မယ်

ကြက်ဥ ရဲ့အထောက်ကူပြုပုံတွေကို လူတွေခဏခဏမေးကြတာတွေ့ရပါတယ်။

တစ်နေ့နှစ်လုံးစားပေးရုံနဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုနိုင်တဲ့ကြက်ဥရဲ့အသုံးဝင်ပုံတွေကိုပြောပြပါမယ်။

( ၁ ) မှတ်ဉာဏ်တွေကောင်းလာမယ်

တစ်နေ့ကိုကြက်ဥနှစ်လုံးစားပေးရင် သင့်ခန္ဓာကိုယ်မှာ လုံလောက်တဲ့အာဟာရတွေရရှိပြီး Choline ဓာတ်တွေပိုများလာကာ မှတ်ဉာဏ်ကိုပိုမိုအားကောင်းလာစေပါတယ်။

( ၂ ) မျက်လုံးအားပိုကောင်းလာမယ် ရှာဖွေတွေ့ရှိချက်အသစ်များအရ ကြက်ဥစားပေးခြင်းဟာ Lutein ဓာတ်ပိုမိုကြွဝစေတယ်လို့သိရပါတယ်။မျက်လုံးကိုအမြင်ကြည်ရှင်းလင်းစေပါတယ်။မျက်လုံးမှုန်ခြင်း..၊ မျက်ရိုးကိုက်ခြင်းတို့ကိုလည်းသက်သာစေပါတယ်။

( ၃ )အသားရေ၊ ဆံသားနဲ့အသည်းတို့ကို ကာကွယ်ပေးနိုင်

ဘိုင်အိုတင်း၊ဗီတာမင် B12 တို့ပါဝင်ကာ အစာခြေစနစ်တို့ကိုကောင်းမွန်စေပြီး အသားရေနဲ့ဆံသားတွေကိုလည်းကျန်းမာစေပါတယ်။ Phospholipids ပါဝင်တာကြောင့်အသည်းအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် အဆိပ်တွေကိုသုတ်သင်ပေးနိုင်ပါတယ်။

( ၄ ) ဝိတ်တွေကျလာမယ်

အမေရိကန် သိပ္ပံပညာရှင် များပြောစကားအရ ကြက်ဥ မှာ ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့်မနက်စာအနေနဲ့ ကြက်ဥပြုတ်စားပေးမယ်ဆို ဝိတ်ကျတာပိုမြန်မယ်လို့သိရပါတယ်။ အစားစာချင်စိတ်ကိုလည်း ထိန်းပေးနိုင်တာမို့ ဝိတ်ချချင်နေတဲ့မိန်းကလေးတွေအတွက် အဆင်ပြေစေမှာပါ။

( ၅ )ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်

ဦးနှောက်အတွက် လိုအပ်တဲ့ Choline ဓာတ်တွေများစွာရရှိနိုင်သလို ကင်ဆာရောဂါ မှလည်းကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာရေးလေ့လာချက်များအရအမျိုးသမီးတွေအတွက် ရင်သားကင်ဆာဖြစ်ခြင်းကို ၁၈ရာခိုင်နှုန်းထိလျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

( ၆ )အရွယ်တင်နုပျိုစေခြင်း

ဒါကတော့ ဒတ်ချ်သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုပဲဖြစ်ပါတယ်။အသက်၃၅နှစ်ကနေ ၄၀ထိ အမျိုးသမီး ၈၇ရာခိုင်နှုန်းလောက်ရဲ့ အသားရေပေါ်မှာရှိတဲ့အစက်ပျောက်တွေ ပျောက်ကင်းစေတယ်လို့သိရပါတယ်။ အမျိုးသားတွေအတွက်လည်းမျက်ဝန်းတစ်ဝိုက်က အရေပြားတွန့်ခြင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။