
ကိုယ်ရဲ့ချစ်သူပဲဖြစ်ဖြစ်၊ ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုစိတ်ပျက်စေတဲ့အချက်တွေထဲ ဒီအချက်လေးတွေလဲပါပါတယ်နော်။
၁။ မကြာခဏဖုန်းဆက်တာ
ချစ်သူဖြစ်ခါစအချိန်မှာ တစ်ယောက်အသံတစ်ယောက်ကြားရတာ ကြည်နူးစရာအရမ်းကောင်းပါတယ်။
ဒါပေမယ့်လည်း ခဏခဏ မနားမနေဆက်နေရင်တော့ ချစ်သူရဲ့ အမြင်မှာ အထင်သေးစရာကောင်းသွားပါလိမ့်မယ်။
၂။ အနာဂတ်အကြောင်းတွေပြောတာ
ချစ်သူနှစ်ယောက်ဟာ အနာဂတ်အကြောင်းတွေ၊ ရည်မှန်းချက်တွေ အတူတူထားရှိကြရမှာ ကောင်းပါတယ်။
ဒါပေမယ့်လည်း ချစ်သူဖြစ်ခါစမှာ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့တွေအထိ ပြောနေရင်တော့ သင့်ကိုအထင်သေးသွားနိုင်ပါတယ်။
၃။ သူငယ်ချင်းတွေမိသားစုတွေနဲ့တွေ့တာ
အတည်ချစ်ကြိုက်တဲ့ ချစ်သူတွေအနေနဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်ဖို့ သူငယ်ချင်းတွေ၊ မိဘတွေကိုသွားတွေ့တာ သဘာဝကျပါတယ်။
ဒါပေမယ့်လည်း တွဲခါစမှာ သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေဆီသွားလည်တာကတော့ မဖြစ်သင့်ပါဘူး။
ဒီလိုလုပ်ခြင်းက သင့်ကိုအထင်သေးသွားနိုင်ပါတယ်။
၄။ ဂရုစိုက်ခံချင်လွန်းတာ
ချစ်သူတွေဆိုတာ တွဲတာကြာလာတာနဲ့အမျှ သံယောဇဉ်တွေများလာပါတယ်။ ဂရုစိုက်မှု၊ ကြင်နာမှုတွေဆိုတာကလည်း တဖြည်းဖြည်း တည်ဆောက်ရတဲ့အရာတွေပါ။
ဒါကို စစတွဲချင်းမှာ တောင်းဆိုတာမျိုး၊ လိုချင်တာမျိုး၊ ဂရုစိုက်မှုမပေးလို့ စိတ်ဆိုးစိတ်ကောက်တာမျိုးတွေ မလုပ်ပါနဲ့။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google