
ဒီရဲ့ သင်္ကေတ ဟာ နိုင်ငံတကာမှာ ဆိုင်ကယ်မောင်းနင်သူတွေ လက်တွေ့လိုက်နာ ကျင့်သုံးနေတဲ့ Biker Code ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ I need your help အကူအညီလိုအပ်နေပါတယ် လို့ရည်ညွှန်းပါတယ်
ဘီးပေါက်တဲ့အခါမျိုး၊ စက်ချို့ယွင်းတဲ့အချိန်၊ ဆီကုန်တဲ့အချိန်၊ Accident ဖြစ်တဲ့အချိန် အစရှိတဲ့ အခါမျိုးတွေမှာ အကူအညီတောင်းခံလို့ရပါတယ်
တစ်လှေတည်းစီးနေတဲ့ ဆိုင်ကယ်ခရီးသွား မိတ်ဆွေအချင်းအချင်း လမ်းမပေါ်မှာ ဆိုင်ကယ်ဦးထုပ် (Helmet) လေးမြင်ပါက ရပ်ပြီးတော့ အကူအညီပေးကြပါခင်ဗျာ။
တစ်နေ့မဟုတ်တစ်နေ့ ကိုယ်လည်း အကူအညီ လိုအပ်တဲ့သူဖြစ်လာနိုင်ပါတယ်။
Credit – (Ko Ngal)