ဆန်ဆေးရည်ကို အသုံးပြုပြီး ဆံပင်ပိုရှည်လာအောင် ပြုလုပ်နည်း

ပျိုမေတို့အားလုံးမင်္ဂလာပါ။ ဆံပင်အရှည်ကြီးက ကိုယ့်ကို ပိုမိန်းကလေးဆန်စေပြီး ပိုလှစေပါတယ်။

သင်က နဂို ရှည်တဲ့နှုန်းထက် ဆံပင်ကို ပိုရှည်စေချင်တယ်ဆိုရင်တော့ ဆန်ဆေးရည်အကူအညီကို ရယူနိုင်ပါတယ်။

ဆန်ဆေးရည်နဲ့ ဆံပင်ရှည်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကတော့ ဒီလိုပါ။

ဆန်မှာ ကာဗိုဟိုက်ဒရိုက်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပါတယ်။

ဒီနည်းလမ်းမှာ ဆန်အပြင် ဆန်ဆေးရည်ထည့်ဖို့ ဗူးနဲ့ Spray ဗူးတစ်ဘူးကိုပါ လိုအပ်ပါတယ်။

လိုအပ်တဲ့ဆန်ပမာဏထဲကို ရေထည့်ပေးရပါမယ်။ ပထမတစ်ခါ ဆန်ထဲက အညစ်အကြေးတွေကို ဖယ်ပြီး မှောက်ချရပါမယ်။

ဒုတိယတစ်ခါ ဆန်ဆေးရည်ကိုယူပြီး ဗူးထဲ ထည့်ပေးရပါမယ်။ ဒီဗူးကို Shake ပြီး တစ်နာရီထားပေးရပါမယ်။

ပြီးနောက် ဒီအရည်ကို Spray ဗူးထဲ ပြောင်းထည့်ပေးရပါမယ်။ Spray ဗူးနဲ့ ဆံပင်အရင်းအဖျားတွေဆီ ပျံ့နှံအောင် ဖြန်းပေးရပါမယ်။

ဖြန်းပြီး ၄ နာရီနေပြီးနောက် ခေါင်းလျှော်နိုင်ပါပြီ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။