တစ်လ (၁၀)သိန်းမြတ်တယ်ဆိုတဲ့ဆီကြိတ်စက်ဂယက်နှင့်ကိုယ်တိုင်မွဲဆေးဖော်မိခြင်းအကြောင်း

တစ်လ၁၀သိန်းမြတ်တယ်ဆိုတဲ့ဆီကြိတ်စက်သတင်းလေးအတော်ကိုဟိုးလေးတကျော်ကျော် ဖြစ်နေလို့ စမ်းကြည့်မိပါတယ်။

ကျနော်ကိုယ်တိုင်လည်းဆီကြိတ်စက်လောကမှာနှစ်အတန်ကြာမိဘလက်ငုတ်လုပ်ခဲ့ဖူးတာကိုး။

လှိုင်သာယာစက်မှုဇုန်၂ မောင်ရွှေရိုးလမ်း အမှတ်၁၂၅မှာကိုယ်ပိုင်အုန်းဆီစက်ရုံဗျ။

ခုတော့ ဆီဖြူအရောတွေ ခေတ်ဆန်းကုန်လို့ကြိတ်တာထက် ငှါးစားရတာတောင် ပိုကိုက်နေတာကြောင့်လုပ်ငန်းပြောင်းခဲ့ရတာပါ။ဒါပေမယ့်ဝါသနာကမစွန့်နိုင်သေးဘူးကိုး။

အုန်းသီးဖတ်အသား ၁၇ပိဿာကြိတ်ရင် အုန်းဆီအသန့်၁၀ပိဿာရတယ်။ဝက်စာငါးစာကျွေးဖို့အုန်းဖတ်က၅ပိဿာကျော်ရတယ်။ ၂ပိဿာလောက်က အလေအလွင့်ပဲ။ ဒါက ဆီထွက်အများဆုံး အသီးမို့လို့။

ပဲ၊ နှမ်း၊ နေကြာတို့ဆို ဒီထက်ပိုနည်းသေး။တပိုင်တနိုင် ဆီ
ကြိတ်စက်လေး စိန့်တိုင်းကနေ မှာလိုက်ပါတယ်။ 1050ယွမ် (မြန်မာငွေ ၂သိန်း၁သောင်း) ကားခ တန်ဆာခ ၂သောင်းလောက် ကျသေးတယ်။

မြေပဲအနီ ၅ပိဿာဝယ်တယ်။ ၃၅၀၀x၅ကြိတ်လိုက်တာ ၂နာရီကျော်ကြာတယ်။ဆီ ၁ပိဿာ၈၅ကျပ်သား ထွက်တယ်။တကယ်တမ်း မြေပဲအဖြူဆို ပိုထွက်တယ်။

အများဈေးလှမ်းမေးတော့ ပိဿာ၁၀၀အထက် ၂၈၅၀ တဲ့။2850×5=14250ဆီက ၂ပိဿာခွဲ ပိုပိုသာသာ တွက်အုံး။တပိဿာ ၅၇၀၀ကျမယ်။မြေပဲဖတ်က ၁ပိဿာ ၅၀၀ထား ။၂ပိဿာမပြည့်တပြည့် ပြန်ရမယ်။

တွက်ရေးကတော့ စက်သူဌေးပေါ့။ဈေးကွက်ထဲ လက်လီဝယ်မှ အညာဆုံဆီဆိုတာ ၁ပိဿာ၆၀၀၀၊အများယူရင် ၅၂၀၀….ဘယ်လိုသွားရောင်းမလဲ။

သိုလှောင်ခ၊ အတိုးတွက်၊ မြေနေရာ၊ မီတာခ၊ အလုပ်သမားခ၊ မြတ်မြတ်ရှုံးရှုံး လာကောက်မယ့်အခွန်၊ စက်ပြင်စားရိတ် ထည့်စဉ်းစားအုံး။

နှမ်းဆီလားဒီထက်ပိုပြီး ဆီထွက်လျော့သေးနေကြာဆီလားဆီဖြူ၁ပိဿာ ၂၀၀၀စွန်းစွန်း၁၀ပိဿာဝယ်မြေပဲဆီအစစ် ၂ပိဿာထည့်ဓာတုအနံ့လေး ၁၀၀၀ဖိုးလောက်အုပ်အားပါး…. အစစ်ထက်တောင်မွှေးသေးဒီမှာကြည့် မြေပဲဆံအစစ်ဒီလိုကြိတ်တယ်။

ဘာမှမရောဘူးဒါက၇၀၀၀/၈၀၀၀ ရောင်းတယ်။ဟိုက နောက်ကွယ်ဘာတွေရောမှန်းမသိယှဉ်ကြည့်တော့ဓာတုတန်ခိုးနဲ့အတုကတောင်ပိုမွှေးနေသေး။

ခင်ဗျား ဘုရားစူးကျိန်ရောင်းလည်း မဝယ်ဘူးစိတ်ချ။ပဲပြားပဲသွေးတောင် ဖော်မလင်လေးပါမှ ခံတွင်းတွေ့တဲ့ဓလေ့က ကြီးစိုးနေပြီလေ။

စန္ဒီပရဆေး မိတ်ဆွေကြီး ဘာဘူဦးတင်မောင်ဆီက မုန်ညင်းစေ့အစစ် ၁၀ပိဿာဝယ်တယ်။ 2500×10မုန်ညင်းဆီပါ ၁ပိဿာ ဝယ်ခဲ့သေးတယ်။ 4500 တဲ့။၅နာရီလောက်ကြိတ်ရတယ်။

ချိန်ကြည့်တော့ ၂ပိဿာစွန်းစွန်းပဲရတယ်။25000÷2= 12500အားပါး….. ခူးပြီးခပ်ပြီးအဆင်သင့်ကမှ 4500ပဲကျတာလေ။ 8000တောင်မှ ပိုကုန်သွားတာကိုး။စက်ညံ့လို့ ဒီလောက်ဘဲထွက်တာလို့တော့ မဆိုလေနဲ့။

ကြိတ်ဖတ်ကို ရေစိမ်အပေါ်ယံဝေ့တက်လာတဲ့ ဆီကိုပြန်ခပ် ထပ်ပေါင်းအုံး။ ၁၀သားထက်ပိုမထွက်ဘူး။ယာခင်းထဲထိ သွားဝယ်တဲ့ဈေးနဲ့ကြိတ်ရင်ရော ?ဒီအချိုးနဲ့တွက်ကြည့်မုန်ညင်းစေ့၁ပိဿာ ၁၀၀၀လောက်ပဲကျမှ 4500နဲ့ ရောင်းနိုင်လိမ့်မယ်။

ဆိုတော့ကာ……ဆီဖြူကို အုန်းဆီနဲ့ရောဓာတုနံ့လေးအုပ်တော့ ဈေးပေါတယ်။နှစ်ရှည်ထားလည်ဆီချေးစော်မနံဘူး။အစစ်က၃လကျော်ဆို အနံ့ပြောင်းပြီ။

မိဘများက ရှေးရိုးစွဲ သမာသမတ်ပဲလုပ်မယ်ဆုံးဖြတ်ထားလေတော့ နောက်ဆုံးမှာ ဈေးမယှဉ်နိုင်လို့ လက်မြှောက်အရှုံးပေးခဲ့ရတာကိုယ်တွေ့ပါ။

ပဲဆီထဲရော အညာရနံ့လေး သင်းရဲ့လား ?ကလေးဗိုက်နာလို့မုန်ညင်းဆီလူးတဲ့ထဲ မုန်ညင်းစေ့ထဲက ဓာတ်သတ္တိတွေဘယ်နှစ်ချိုးဘယ်လောက်ရာခိုင်နှုန်းများ ပါပါလိမ့်။ ?သို့နှင့်….. ကိုယ်တိုင်စားသုံးဖို့ပဲဆီ၊နှမ်းဆီကလေးတွေဆေးဝါးအတွက်မုန်ညင်းဆီဒီအတွက်လောက်ပဲမှန်းပါတော့တယ်။

စီးပွားတွက်နဲ့ကြိတ်ရောင်းမယ်ဆိုရင် မြန်မာပြည်မှာ အရောင်မရှိအနံ့မရှိတဲ့ ဈေးပေါပေါ ဆီဖြူမရောအောင်ကြပ်ကြပ်မတ်မတ် တားမြစ်နိုင်မယ့် ဥပဒေကိုသာ အရင်ဆုံး မျှော်လင့်ပါအုံးဗျာ။ကျနော်ကတော့ မွဲဆေးဖော်မိခဲ့ပြီလေ။

ကိုယ့်လို မခံစားရလေအောင် စက်ရောင်းဖို့အစီအစဉ် ဖျက်သိမ်းပြီး ရှိတဲ့စက်ကိုလည်း သော့ခတ်ထားလိုက်ပါပြီ။ မရောင်းတော့ပါ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။