အိပ်ပျော်နေရာမှ ရုတ်​တရက် ထလိုက်ခြင်း၏ ကြောက်မက်ဖွယ်ဆိုးကျိုး

အိပ်ပျော်နေပြီးမှ ရုတ်တရက် ထလိုက်ခြင်းဟာ လူကိုသေစေနိုင်တယ်ဆိုတာ (အိပ်ယာအထမှာလိုက်နာစရာ) အိပ်နေရင်းဘာလို့ သေကြတာလဲ?

အားလုံး အတွက် အရေးကြီးလို့ မိတ်ဆွေ ဆရာဝန်တစ်ယောက် ပြောပြထားတဲ့ ဟောဒီအချက်လေးကို သတိထားကြဖို့ ပြောပါရစေ။

ည ည အိပ်ပျော် နေရာက ဆီးသွားချင်စိတ်ကြောင့် နိုးလို့ ဘဲဖြစ်ဖြစ် နံနက်စောစော အိပ်ရာ အထမှာ ဖြစ်ဖြစ် လူတိုင်း မိနစ်ဝက် သုံးကြိမ် သတိထား ခြင်းဖြင့် ရုတ်တရက် သေဆုံးမှု များစွာ လျော့ပါး မှာပါ။

သာမာန်အားဖြင့် ကျန်းမာရေး ကောင်းတယ် လို့ ထင်ရတဲ့ သူတစ်ယောက် ညက ကွယ်လွန် သွားပြီ ဆိုတာမျိုး၊

ဟင် မနေ့က ဘဲ ဖေ့စ်ဘွတ် မက်စင်ဂျာ ကနေ စကားပြောလိုက်ရေသး ခု ရုတ်တရက် သေဆုံးပြီ ဆိုတာ မျိုးတွေ မကြာမကြာ ကြားကြား နေရတာ ဘာကြောင့်ပါလဲ ၊

အကြောင်းကတော့ ညမှာ အပေါ့စွန့်ဘို့ အိပ်ရာ က အလောသုံးဆယ် အထ မှာ ဦးနှောက်ကို သွေးပို့မှု နည်းသွားလို့ပါ။

ညလည် လောက် ဆီးသွားချင်လို့ နိုးရုံလေးနဲ့ နှလုံးသားလျှပ်စီးမှုပြ ကောက်ကြောင်း ပုံစံ-ECG pattern ပြောင်းလဲပါပြီ၊ ဒီအထဲ ဝရုန်းသုန်းကား အမြန်ထလိုက်ဦးမယ် ဆိုရင် ဖြင့် ဦးနှောက်မှာ သွေးနီအား နည်းပြီး နှလုံးသားရဲ့ ခုတ်ညှစ်မှု စွမ်းအား ပျက်ပြားသွားတတ်ပါတယ် ။

(ဦးနှောက်ထဲမှာ နှလုံးခုန်မှုကို ထိန်းညှိတဲ့ ဦးစီးဌာန ရှိနေပါတယ် Cardiac Certer, Vasomotor Center etc )

( လိုက်နာရမယ့် မိနစ်ဝက် သုံးကြိမ် )

ဘယ်အကြောင်းကြောင့်ဘဲ နိုး နိုး၊ နိုး နိုး ချင်း အိပ်ရာ က အမျောအမော အလောသုံးဆယ် မထလိုက်ပါနဲ့၊ ဒီအချက် သုံးချက်ကိုဖြင့် နှလုံးသွင်း ဖြစ်အောင် သွင်းလိုက်ပါ။

၁- ပထမ မိနစ်ဝက် အိပ်ပျော်နေရာက နိုးနိုးချင်း မိနစ်ဝက် အိပ်ရာထဲမှာ ဆက်ပြီ လဲလျောင်းနေပါဦး။

၂- ဒုတိယ မိနစ်ဝက် အိပ်ရာပေါ်မှာဘဲ မိနစ်ဝက် ထိုင်ပါ။

၃- တတိယ မိနစ်ဝက် အိပ်ရာအစွန်းမှာ ထိုင်လျက် ခြေနှစ်ဖက် အိပ်ရာဘေးသို့ တွဲလျောင်းချပါ။

ဤနည်းဖြင့် အိပ်ရာက အထမွာ လဲက် လိမ့်ကျပြီး ဦးနှောက်သွေးအားနည်းခြင်း၊ တနည်းအားဖြင့် အောက်ဆီဂျင် ရရှိမှု လျော့နည်းခြင်း မဖြစ်တော့ဘဲ နှလုံးကြွက်သား ခုတ်ညှစ်မှု စွမ်းအား ပျက်ပြားကာ ရုတ်တရက် သေဆုံမှုမျိုး မဖြစ်နိုင်တော့ပါ..။

ဒါကြောင့် ဒီအချက် အကြောင်းအရာ ကို မိမိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ချစ်အပ် ခင်အပ်သူများအား အသိပေး မျှဝေးပေးပါ နိုးကြားစေပါ၊

ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် အသက်အရွယ်မရွေး ဒီအခြေအနေဆိုးတွေ ဖြစ်တတ်ပါတယ်၊ မျှဝေတယ်ဆိုတာ ဆိုတာ အလေးထားခြင်းဘဲ မဟုတ်ပါလား၊

သိပြီသား ဆိုလဲ အသစ် အသစ်လို သဘောထား ပြီးလိုက်နာ ကျင့်ဆောင်ပါလေလော့။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်