
ကြံရည်မှာ လူကိုအန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ စွာသာမက ဘက်တီးရီးယားပိုး မြောက်များစွာပါဝင်တာကို စင်္ကာပူ နိုင်ငံ MOH မှ investigation လုပ်ရာမှာ တွေ့ရှိခဲ့ပါတယ်။
စင်္ကာပူ နိုင်ငံ စားသောက်ဆိုင် တွေဟာ ကမ္ဘာက စံထားရလောက်အောင် သန့်ရှင်းပါတယ်။
ဆိုင်တွေကိုလည်း ကြပ်ကြပ်မတ်မတ် စီစစ်လေ့ရှိပြီး Grade A , Grade B စသဖြင့် သန့်ရှင်းသပ်ရပ်မှုကို ခွဲခြား ထားပေးလေ့ရှိပါတယ်။
ကြံရည်မှာ ဘက်တီးရီးယားပိုး များစွာပါဝင်ကြောင်း တိုင်တန်းမှုများပြုလုပ်လာ တဲ့အခါ မှာ MOH မှ ကွင်းဆင်းစစ်ဆေးကြပါတယ်။
သူတို့ လုပ်ပုံကိုင်ပုံ ကို မှတ်တမ်းပြုလေ့လာပါတယ် ။
ဘက်တီးရီးယားပိုး ပါဝင်ရလောက်အောင် ညစ်ညမ်းစွာ ကိုင်တွယ် ခြင်းကိုမတွေ့ခဲ့ရပါဘူး။
ကြံရည်ကို စစ်ကြည့်တဲ့ ခါမှာ တကယ်ဘဲဘက်တီးရီးယားပိုး မြောက်များစွာသာမက မလိုလားအပ်သော chemicals များစွာပါဝင်နေတာကို ဆိုင်တဆိုင်မှာတွေ့ရှိခဲ့ပါတယ်။
စဉ်းစားမရဖြစ်နေတာက food handling ပိုင်းမှာ hygiene အလွန်ကောင်းရဲ့နဲ့ ကြံရည်ဟာညစ်ညမ်းနေသလဲ ဆိုတာပါဘဲ။
အမှန်တော့ ဖြတ်ပီးကြံချောင်း များကို ဒေါင်လိုက် ထောင်ထားခြင်း က ပတ်ဝန်းကျင်ရှိ ရေ သာမကဘဲ ကြောင်သေး ကြွက်သေး ဆိုင်ဆေး သော chemicals များကိုပါ ကြံက စုပ်ယူ ထားလိုက်တာကြောင့်ပါ။
ငယ်ငယ် က လူကြီးတွေပြောတာ မိုးဗြဲဒယ်နဲ့ချက်သော ပွဲဟင်းကြီးများ ဆားထည့်လွန်သွားလျှင် ကြံတချောင်းလောက်ပစ်ထည့်ထားလျှင် ဆားတွေကို စုပ်ယူသွားတယ်ဆိုပါတယ်။ကြံက အဲ့ဒီလောက်စုပ်အားကောင်းပါတယ်။
တနေ့မှာ ကြံရည်အလွန်ကြိုက်သော ကိုယ်ဝန်သည်အမျိုးသမီး ယောက်ဟာ ကိုယ်ဝန် ခုနှစ်လမှာပျက်ကျပါတယ် ။
ကလေးကို autopsy လုက်ကြည့်တဲ့အခါမှာ ကြောင်သေး နဲ့တူသော ဓာတုပစ္စည်းများ ကို ကလေးကိုယ်ထဲမှာတွေ့ရှိရပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။