
အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝဆေးနည်း
အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေ အတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေ မည့် သဘာဝ ဆေးနည်းတွေကို ဖော်ပြပေး လိုက် ပါတယ်။
အာသီးရောင်ခြင်းကို (Tonsillitis) လို့ ခေါ်ဆိုပါတယ်။
ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်းနာ ရသလဲ ဆိုတော့က ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ် အတွင်း အပူဓာတ် များ လွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာ တတ်ပါတယ်။
အခုလို ပူပြင်းတဲ့ ရာသီမှာ ရေများများသောက်ပါ။ ဝမ်းမချုပ် ပါစေနှင့်…အသီးအနှံ များများစားသုံးပေးပါ။
အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာများ မြိုချ ပါက လည်ချောင်း အတွင်း ခံစား ရခက်အောင် နာကျင် ပါတယ်။
ဒီလိုဖြစ်နေပြီ ဆိုတာနဲ့ ပထမအဦးဆုံး ရေနွေးဖြူ ထဲသို့ အိမ်သုံးဆား တစ်ဇွန်းခန့်ထည့်၍ ရောမွှေပြီး ၎င်းဆားရည် (Salt water)ဖြင့် ခေါင်းမော့၍ အာခေါင် အတွင်းရောက်အောင် ပလုပ် ကျင်းပေးပါ။
ဒုတိယနည်း တစ်မျိုးကတော့….သဘောင်္သီး နုနုထွတ်ထွတ် တစ်လုံးကို အပင်မှ ခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး အလုံးလိုက် ကြေညှက်အောင် ဝါးစားပြီး မြိုချ လိုက်ပါ။
အထက် ပါ ဖော်ပြထားတဲ့(၂)ချက်ကို ချက်ချင်း ပြုလုပ်ပါ။
တတိယ နောက်ဆုံးနည်း ကတော့ (ပျားရည်စစ်စစ်+ဂျင်း(ချင်း) နှင့် သံပရာသီး(သို့)ရှောက်သီး)
ဂျင်းကို ပါးပါးလှပ်လှပ်လှီးပါ.. သံပရားသီးကို အစေ့ အခွံပါအောင် ကွင်းလှီးပါ။
ဤ (၂)မျိုးကို သန့်စင်သော ပုလင်းဗူးထဲ ၌ရော ထည့်၍ ပျားရည် စစ်စစ်ကို ဂျင်းအဖ့တ် သံပရာသီးအဖတ် မြုပ်အောင်ထည့်၍ တစ်ပတ်ခန့်ကြာအောင် လေလုံအောင် အဖုံးပိတ် ထား လိုက်ပါ။
တစ်ပတ်ခန့်ကြာသော်….၎င်း အဖတ်များနှင့်ပျားရည်ကို နေ့/ည ပုံမှန်စားသုံးပေးခြင်းဖြင့် (Tonsillitis)လို့ခေါ်တဲ့ အာသီးရောင် ရောဂါကို လုံးဝအရှင်း ပျောက်ကင်းစေ ပါသည်။
ခဏ ခဏ ဖြစ်တတ်သူတွေက ဒီဆေးနည်း အတိုင်း ဖော်စပ်ထားပြီး အိမ်မှာဆောင် ထားသင့် ပါတယ်။
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။