ခေါင်းကိုက်နေရင် အလွယ်ဆုံးနဲ့ အမြန်ဆုံးပျောက်သွားမယ့် နည်းလမ်း

ခေါင်းကိုက် လာပါက.. လျှင်မြန်စွာပျောက်နည်းလေးပါ

လွယ်ကူတဲ့နည်းဖြစ်လို့ စမ်းသပ်ကြည့်နိုင်ပါတယ်

ခေါင်းကိုက်လျှင် ချင်းကပ်ပါ။ ခေါင်းကိုက်။နထင်ကိုက်။ဇက်ကြောတက်မျက်ရိုးကိုက်။

အလုပ်တစ်ဘက်နှင့်ဆေးခန်းသွားဖို့အချိန်မပေးနိုင်လျှင် ချင်းတက်ကိုပါးပါးလှီးပြီးနထင်နှစ်ဘက်တွင်ကပ်ပေးပါ ။

ဇက်။ဂုတ်ကျီးပေါင်းရှိသူများ။ကျီးပေါင်းရင့်၍မူးသူ။ ဇက်ကိုခဲဆွဲကုသနေရသူများသည် ဇက်ရင်းကျီးပေါင်းဖုပေါ်တွင်ချင်းကိုပါးပါးလှီးပြီး ၄-၅ နေရာကပ်နိုင်ပါသည် ။

ချင်းတွင်အပူဓာတ်ရှိသည်။ အရောင်ကျစေသောသတ္တိလည်းရှိသည်။

ပိုးကိုသေစေနိုင်သောသတ္တိလည်းထိုက်သင့်သလောက်ရှိပါသည်။

ချင်းသည်အပူဖြစ်သဖြင့် ကပ်ပြီး မိနစ်အနည်းငယ်အတွင်းအာနိသင်ပြပါသည်။ တစ်နာရီခန့်ကပ်ထားပါ။

အများဆုံးအလွန်ဆုံး ၂နာရီထကာပို၍မကပ်သင့်ပါ။ တန်ဆေးလွန်ဘေးဖြစ်ပါသည်။ နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည် ။

အဆင်ပြေရင် Share ပေးပါ Credit ကြည်လွင်မြင့်(မုဒြာ)