
မုံရွာမြို့မှာရှိတဲ့ဆိုင်ကယ်စီးသူများသိစေချင်လို့ပါ 😰😰
မုံရွာမြို့ ဗိုလ်ချုပ်လမ်းမပေါ် အိုးဖိုးထောင်ရပ်ကွက် မြန်မာ၇၅သစ်စက် အနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ အဘိုးအိုဟာ အသက်၇၀ကျော်နေပြီ
သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးက ဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့ အဲ့အဘကပဲ ဓာတ်ဆီလေးရောင်းရင်းနဲ့ဘဝကိုရပ်တည်နေတယ်
ကျုပ်အမြဲကြုံတိုင်းအဲ့အဘ ဆီမှာပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ
ဟိုးးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့အဲ့အဘရောင်းကောင်းလောက်ပါတယ်
ခုတော့ အဲ့နားတစ်ဝိုက်မလှမ်းမကမ်းလေးမှာဆီဆိုင်ကြီးရှိတော့ လူတွေကသိပ်မထည့်ကြတော့ဘူး
ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်
ပြောချင်မိတာက ဆိုင်ကြီးတွေဆီမှာထည့်လို့ပိုရလှမှ အများဆုံး သုံးရာဖိုးလောက်ပေါ့ ဆီပိုရတာကိုပဲ မကြည့်ပဲ ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်
ငွေဖြင့်သက်သက် မကူညီနိုင်ပေမဲ့ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ
ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ
တစ်နေ့ကို အနည်းဆုံး လူဆယ်ဦးထည့်အုံး အဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ
မုံရွာမြို့မှာ ဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့ စိတ်မကောင်းဘူး
ဟိုနေ့ကအပြင်သွားရင်ဝင်ထည့်တာအဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှ စျေးဦးပေါက်တာတဲ့
ရယ်ရင်းပြောတယ် အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီ ကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ် လေးကို အဲ့အဘကိုပေးခဲ့တယ်
အဘကအစက ငြင်းရှာပါတယ် မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့
ရပါတယ်အဘ ကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီး ညာပြောပြီး ပေးတော့မှ ယူတယ်
တကယ်တော့ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး😁 ကျုပ်က အိမ်ရောက်ရင် ထမင်းစားလို့ရတယ်လေ
တကယ်တော့အဘအရွယ်နဲ့အေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမိးဘေးဆီလေးရောင်းနေတာပါ
ငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့် ကူညီရာ ရောက်ပါတယ် 🙏🙏🙏🙏🙏
Credit – (*kaung*)