လောကီပညာအရ လာဘ်မပိတ်အောင် လက်သည်းညှပ် သင့်တဲ့ ရက်စွဲများ အကြောင်း

ဘယ်နေ့မှာ လက်သည်း ခြေသည်းညှပ်သင့်လဲ?

ဘယ်နေ့မှာ လက်သည်း ခြေသည်းညှပ်ရင် ဘာအကျိုးရသလဲ… ( လောကီပညာထဲက သိစရာ )

လက်သည်း ခြေသည်း ညှပ်ကြတယ်….

တချို့က ကျန်းမာရေးအရ ညှပ်တယ်

တချို့က လက်သည်းရှည်ရင် မနေတတ်လို့ ညှပ်တယ်

ဘယ်လိုပဲ ညှပ်ကြပါစေ ညှပ်ရင်း လာဘ်ပွင့်တယ် ဆိုရင်တော့ မကောင်းဘူးလား..

ဆရာဦးမင်းနိူင်ရဲ့ လောကီပညာ သိစရာထဲက နည်းလေးကို တင်ပြပေးလိုက်ပါတယ်….

စနေနေ့ ညှပ်ရင် အကြွေးပြန်ရတယ် ၊ ငွေအစုလိုက် အပုံလိုက် ဝင်တတ်ပါတယ်။

အင်္ဂါနေ့ ညှပ်ရင် အကြွေးကျေတယ်။

သောကြာနေ့ ညှပ်ရင် ဇနီးမယား၊ သမီး ချွေးမ ကိစ္စတွေ လိုရာ ပြည့်တယ်။

ကြာသပတေးနေ့ ညှပ်ရင် ပညာကိစ္စ၊ ဆရာကိစ္စ လိုရာ ပြည့်တယ်။

တနင်္လာနေ့ ညှပ်ရင် အမေနဲ့ ပတ်သက်သော ကိစ္စများ လိုရာ ပြည့်တယ်။

တနင်္ဂနွေနေ့ ညှပ်ရင် အဖေ ၊ အိမ်တွင်းရေးကိစ္စ ၊ အထက်အရာအရှိနဲ့ ပတ်သက်သောကိစ္စများ လိုရာ ပြည့်တယ်။

ဗုဒ္ဓဟူးနေ့ ညှပ်ရင် သားသမီးနဲ့ ပတ်သက်သောကိစ္စများတွင် စိတ်ရွှင်လန်းစေတတ်ပါတယ်။

ညှပ်နေဆဲမှာ လိုရာကို ဆုတောင်းရပါတယ်….

အနည်းဆုံး လေးကြိမ်ဆက်တိုက် လုပ်မှ သိသာမြင်သာတဲ့ အာနိသင် ပြပါလိမ့်မယ်

ဆရာ ဇေယျာထက်

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))