ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး (၇)မျိုး

ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး

ပျားရည်လို့ ပြောလိုက်ရင် အသား အရေ လှစေတဲ့ ၊ အလှအပ အတွက် အရမ်း အသုံးဝင်တဲ့ အရာလို့ လူတွေက သိ ကြ ပါ တယ် ။

ဒါပေ မယ့် ပျားရည် မှာ တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါ သေးတယ် ။

အိပ်ရာ ဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေး မယ်ဆိုရင် ဒီလို အံ့မခန်း အကျိုးကျေးဇူး တွေ ရရှိ နိုင်တယ် ဆိုတာကတော့ သိတဲ့ သူတွေ ရှား ပါ တယ် ။

ဒီတော့ ပျားရည် စားခြင်း ဖြင့် ခန္ဓာကိုယ် အတွက် ရလာတဲ့ အကျိုးကျေးဇူးလေး တွေကို အခုပဲ ဖတ်ကြည့် ပြီး မျှ လိုက် နော် ။

၁။ ကောင်းကောင်း အိပ်ပျော်စေတယ်
==========================

ပျားရည်မှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင် တာကြောင့် ညအိပ် ခါနီး ပျားရည် တစ်ဇွန်းကို ရေ နွေး နွေးနဲ့ ရောပြီး သောက်ပေး မယ်ဆိုရင်ကောင်း ကောင်း အိပ်ပျော် စေပါတယ်

၂။ သွေးတိုး ရောဂါ မဖြစ်အောင် ကာကွယ် ပေးတယ်
==========================

သွေးတိုး ရောဂါဟာ နောက်ပိုင်း မှာ နှလုံးကို အပြင်းအထန် ထိခိုက် စေပြီး အသက် သေဆုံးတဲ့အထိ ဖြစ်စေ နိုင်တာကြောင့် ပေါ့ဆလို့ မရတဲ့ ရောဂါ တစ်မျိုးပါ ။

ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝ တာကြောင့် အိပ်ရာဝင် ခါနီးတိုင်း တစ်ဇွန်း စားပေးရင် သွေးတိုး ရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်

၃။ သွေးကြောထဲ အဆီ မပိတ်အောင် တားဆီးပေးတယ်
==========================

အစား အသောက်ကြောင့် ခန္ဓာကိုယ် ထဲမှာ မလိုအပ် တဲ့ အဆီပိုတွေ အချိန်တိုင်းမှာ ဖြစ်ပေါ်နေပြီး အဲ့ဒီ အဆီပို တွေက သွေးကြော ထဲကို ရောက်လာ ပါတယ် ။

သွေးကြောထဲမှာ မလို အပ်တဲ့ အဆီပိုတွေ များလာတဲ့ အခါ နှလုံးရောဂါ ၊ ဆီးချိုရောဂါတွေ ဖြစ်စေ နိုင်ပြီး သွေး ကြော ထဲ အဆီတွေ စုပုံပြီး သွေးကြော ပိတ်တာတွေ ဖြစ်စေ နိုင်ပါတယ် ။

ပျားရည်က သွေးကြောထဲ ရောက် နေ တဲ့ ခန္ဓာကိုယ်က မလို အပ်တဲ့ အဆီပို တွေကို ကျေပျက် စေတာကြောင့် နေ့တိုင်း စားသုံး ပေးသင့် ပါတယ် ။

၄။ ကိုယ်ခံအား ကောင်းစေတယ်
==========================

ပျားရည်ကို ညတိုင်း အိပ်ရာ မဝင်ခင် စားသုံးပေး တာဟာ နှာစေး ၊ ချောင်းဆိုး ၊ အအေးမိတာလိုမျိုး အပရိက ရောဂါတွေ လွယ်လွယ် နဲ့ မဖြစ်အောင် ၊ ကူးစက်ရောဂါ တွေ လွယ်လွယ်နဲ့ မကူးစက်အောင် တားဆီး ပေးနိုင်ပါတယ်

၅။ သင်က ဝတဲ့သူ တစ်ယောက် ဆိုရင်တော့ ပျားရည်ကို သေချာ ပေါက် စားပေး သင့်ပါတယ်
==========================

ဘာလို့လဲ ဆိုတော့ ပျားရည်မှာ ခန္ဓာကိုယ် ထဲက ဇီဝရုပ် ဖြစ်ပျက်နှုန်းကို တိုးမြှင့် ပေးမယ့် ဓာတ် တွေ အများအပြား ပါဝင်တာ ကြောင့် ခန္ဓာကိုယ် ထဲက အဆီ တွေကို လောင်ကျွမ်း စေပါတယ် ။

ဒါကြောင့် ကိုယ် အလေးချိန် ချဖို့ ကြိုးစား နေတဲ့သူတွေ လေ့ကျင့်ခန်း လုပ်နေ ချိန်မှာ ညဘက် ပျားရည် အနည်းငယ်ကို စားသုံး ပေးမယ်ဆို အဆီ မြန်မြန် ကျပါလိမ့်မယ်

၆။ မျက်နှာအရေးအကြောင်းတွေ ပျောက်စေတယ်
======================================

ပျားရည်မှာ ဓာတ်တိုး ဆန့်ကျင် နိုင်တဲ့ အစွမ်းတွေ အပြည့်အဝ ရှိတာကြောင့် ပျားရည်ကို အသားအရေ ထိန်းသိမ်းဖို့ ၊ မျက်နှာ ပေါင်းတင်ဖို့ သုံးကြ သလိုပဲ ၊ ညတိုင်း အိပ်ရာ မဝင်ခင်မှာ ပျားရည် တစ်ဇွန်းကို ရေနွေးနဲ့ ရောထားတဲ့ အရည် တစ်ခွက်ကို သောက်ပေး ရုံနဲ့မျက်နှာ မှာ အ ရေး အ ကြောင်း တွေ မဖြစ်အောင် တားဆီး ပေးနိုင် ပါတယ် ။

၇။ စိတ်ကျရောဂါ မဖြစ်စေဘူး
==========================

ပျားရည်ကို သောက်သုံး ပေးတာက ဦးနှောက်မှာ စိတ်ဖိစီး မှုကို ဖြစ်စေတဲ့ ဓာတ်တွေကို ချေဖျက် ပေးနိုင်တာကြောင့် နာတာရှည် စိတ်ကျရောဂါ မဖြစ်အောင် တားဆီး ပေးနိုင်ပါတယ်

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။