ဖြောင့်စက် ဆွဲစရာမလိုဘဲ ဆံပင်ပျော့အောင် သဘာဝနည်းနဲ့ ပေါင်းတင်နည်း

ဖြောင့်စက် ဆွဲစရာမလိုဘဲ ဆံပင်ပျော့အောင် သဘာဝနည်းနဲ့ပေါင်းတင်နည်း

ဖြောင့်စရာမလိုစက်ဆွဲစရာမလိုတဲ့ ဆံပင်တစ်ခါမှမဖြောင့်ဖူးဘူး

ဒါပေမယ့်ဆံပင်က ဖြောင့်ထားတဲ့သူတွေလိုပျော့တယ်ဆံသားပြောင်တယ် စင်းတယ် …

ဘာမှမလုပ်မှတော့ဘယ်ပျက်ဆီးမလဲလို့တော့မထင်နဲ့ ဆံပင်ဆေးဆိုးတာတော့ရက်ရက်စက်စက်ဆိုးတယ်

အရောင်မကြိုက်ရင် တစ်လတည်းကို၃ ခေါက်၄ခေါက်လောက်ထိအရောင်ပြောင်းတယ် ဒါတောင်မပျက်ဆီးဘူး

အရှည်သန်တယ် ခေါင်းလေးပြီးဇာတ်ကြာတက်တတ်လို့အရှည်သိပ်မထားဘူး …

တစ်ခြားပေါင်းဆေးသိပ်သုံးစရာလည်းမလိုဘူး ဘာမှလည်းမလိမ်းဘူး ဆိုင်မှာလည်းဆေးတွေနဲ့လုပ်စရာမလိုဘူး …

တစ်ပါတ်တစ်ခါ ကြက်ဥ၊ ရှားစောင်းဂျယ်လ်၊ သံလွင်ဆီ၊ပျားရည်နဲ့ ပေါင်းတင်တယ်

နှစ်ခွလည်းလုံးဝမဖြစ်ဘူး ဆံပင်ကျွတ်တဲ့သူဆိုသံပုရာရည်လေးပါထည့်လုပ်နော်

ရေမချိုးခင်နာရီဝက်ဒါမှမဟုတ်ရေချိုးခါနီးဆိုအဝတ်လျှော်တယ်အဲ့အဝတ်မလျှော်ခင်ကတည်းကလိမ်းထားလိုက်တာ

အဝတ်တွေလည်းအကုန်လျှော်အပြီး လိမ်းထားတဲ့အချိန်နဲ့ကွက်တိပဲ

တကူးတကအချိန်မပေးရဘဲ အလုပ်၂ခုပြီးပါတယ် … အရောင်ဆိုးရင်တောင်အရောင်ကပိုပြောင်လက်ပြီးတောက်တယ် …

ဒါနဲ့ဖျော်တာပိုသွားရင်လည်းမျက်နှာလိမ်းလို့ရတယ်နော်

ပျားရည်ဆေးဆိုင်မှာရောင်းတာလည်းစစ်တယ် စစ်မစစ်စမ်းနည်းပြောပြမယ်

ပျားရည်တစ်စက်ကိုလက်သည်းခွံပေါ်တင်ကြည့်ပါပျားရည်စက်ကအောက်ကိုမကျဘူး

ပိန်းကြာရွက်မှာရေတင်သလို အလုံးလေးဖြစ်နေရင် အဲ့ဒါအစစ်ပဲ …

ကိုယ်လက်တွေ့လုပ်နေတာလေးတင်ပေးတာ ပါ

Credit: May Zin Aye Thwin

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။