အိမ်သုံးယုံမက၊ စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်တဲ့ သဘာဝခြင်နိုင်ဆေးရည် လုပ်နည်း

မင်္ဂလာပါ…သူငယ်ချင်းအိမ်မှာ ခြင်တွေအရမ်းကိုက်တယ်ဆိုလို့သူငယ်ချင်းအတွက်ရောလိုင်းပေါ်ကမိတ်ဆွေတွေအတွက်ပါ

ပိုက်ဆံလည်းမကုန် ၊ ဘေးထွက်ဆိုးကျိုးလည်းမရှိပဲ ခြင်မလာအောင် ခြင်ကာကွယ်တဲ့ ဆေး နည်းကလေးပေးပါမယ်။

စပါးလင်အရွက် ၊ လေးညှင်းပွင့် ၊သံပုရာသီးတို့ကို ရေမြုတ်အောင်ထည့်ပြီး ရေတဝက်ရောက်အောင် ပြုတ်ပေးပါ။(အဖုံးအုပ်ပြီးပြုတ်ပါ)

စပါးလင်အရွက်ဖားဖားတစ်ပင်၊ လေးညှင်းပွင့်ဆယ်ပွင့်၊ သံပုရာသီး၃လုံးနှုန်းသည် ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့်ပြုတ်ပြီးအရည်တစ်လီတာနီးနီးအကျန် (ရေသန့်ဗူးတဗူး မပြည့်တပြည့်) ရေတဝက်ကျန်က ပိုကောင်းပါသည်။

ပြုတ်ပြီးအဖတ်တွေကို ခြင်တွေပေါက်နိုင်တဲ့ ရေဝပ်နေတတ်သော၊ နေရာမှောင်နေတတ်သောနေရာတွေကိုထားလိုက်ပါ။

ပြုတ်ပြီးအရည်များကို ခြင်ဆေးရေအဖြစ် ရေဖြန်းဗူးတွင် ထည့်ဖြန်းပါ။

တပတ်လောက်တော့ အထားခံပါသည်။ ရေရှည်အထားခံနည်း မသိပါ။

ပြုတ်ပြီးလျှင် အေးသွားပါကအရည်နှင့်အဖတ်များကိုသီးခြားဖြစ်အောင်ထားပေးပါ။

တောရှောက်ခါးသီးနှင့် လုပ်ပါက အနံ့ပိုကောင်းပါသည်။

မိမိအိမ် ပတ်ဝန်းကျင်နှင့်အိမ်အပြင်ဖက်တွင်ရမြောင်းနှင့်အမှိုက်များကိုရှင်းလင်းပေးပါ။

မိမိ၏လက်များနှင့်တကွတကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုစိုက်ကြပါ။

ခြင်ကိုက်မခံပါနှင့်။သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ နေ့မှာအိပ်အိပ်၊ ညမှာအိပ်အိပ် ခြင်ထောင်နှင့်အိပ်ပါ။

နှာစေးချောင်းဆိုးမဖြစ်အောင် စပါးလင်နှင့်ဂျင်းပြုတ်ရေများ သောက်ပေးပါ။ (ထန်းလျက်/သကြား/ပျားရည်)တို့နှင့်တွဲသောက်နိုင်ပါသည်။

ကျွန်တော်လက်တွေလုပ်ကြည့်ပြီး ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ထိုင်နေရင်း လက်နဲ့ဆုတ်ပက်လိုက်သလို ခြင်အုံခဲနေသော ခြင်တွေ ကျွန်တော့်အိမ်မှာ မဖြစ်တော့ပါ။

တစ်ခါမှ ချီးမွန်းခန်း မဖွင့်တဲ့မေမေကတောင် တယ်ဟုတ်ပါလားတဲ့

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။