ယနေ့ညမှာပဲ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အဆိုတော် အေသင်ချိူဆွေ

ယနေ့ည အဆိုတော်အေသင်ချိုဆွေ ဖမ်းဆီးထိန်းသိမ်းခံရ”


အဆိုတော် အေသင်ချိုဆွေကတော့ ချစ်ရတဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် သီချင်းခွေ ၂ ခွေ ထွက်ရှိခဲ့ပြီးနောက် အနုပညာလောကနဲ့ ခဏ ဝေးကွာသွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သီချင်းကောင်းများနဲ့အတူ ပြန်လည် ရောက်ရှိလာပြီး အနုပညာအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်နေခဲ့တာပါ



နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ခံထားရသူ အေသင်ချိုဆွေ ဟာ ဒီကနေ့ ည မှာပဲ သူမနေအိမ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့သိရပါတယ်။သူမရဲ့နေအိမ်မှာချိတ်ထားတဲ့ ကင်ဒိုဓါးတစ်ချောင်းလည်းအသိမ်းခံလိုက်ရကြောင်းသိရပါတယ်။




ပြည်သူတွေကတော့အဆိုပါသတင်းနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း ဆုတောင်းပေးနေကြတာပါ ပရိသတ်ကြီးရေ

Source 36Myanmar