ငွေထုတ်သွင်းခတွေ ရာခိုင်နှုန်း နဲ့ ပိုယူပြီး စားတဲ့ ဆိုင်တွေ အတွက် WAVE MONEY မှ သတိပေးထုတ်ပြန်လိုက်ပြီ

Wave Money သည် ဖေဖော်ဝါရီလမှစ၍ စိန်ခေါ်မှုများစွာရှိနေသည့် အခြေအနေတွင် အခက်အခဲများရှိသော်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်

ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းလ်အင်တာနက် ဖြတ်တောက်ခြင်း၊

အကန့်အသတ်ဖြင့်ရရှိသော အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ခြင်း နှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့်

ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုအပေါ်တွင် အဟန့်အတားများစွာရှိခဲ့ပြီး သန်းပေါင်းများစွာသော သုံးစွဲသူများထံသို့ ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိပါသည်

ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီးများအနေဖြင့် Wave Money ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုများပေးရာတွင် အခက်အခဲအသီးသီး ကြုံတွေ့နေရကြောင်း သိရှိရပြီး

အများစုမှာ ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် Wave Money ဆိုင်များတွင် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုပမာဏများ များပြားလာခြင်းတို့ကို ရင်ဆိုင်နေကြရပါသည်

သတင်းပို့တိုင်ကြားမှုများအရ အချို့သော ကိုယ်စားလှယ်များသည် ဝန်ဆောင်ခနှုန်းထားများအား ပိုမိုကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်

Wave Money အနေဖြင့် ယခုလိုအခြေအနေမျိုးတွင် ကိုယ်စားလှယ်ကြီးများ၏ အခက်အခဲများကို နားလည်သော်လည်း Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီး ဖြစ်ပါသည်

ထို့ကြောင့် အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး

ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ပြီး မမှန်မကန်ပြုမူခြင်းများကို သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားပါမည်

တစ်ဖက်တွင်လည်း မိတ်ဆွေတို့၏ နားလည်လက်ခံပေးမှုကို ကျွန်ုပ်တို့ မျှော်လင့်မိပါသည်။

Wave Money သည် ယခုကဲ့သို့ ခက်ခဲသော အခြေအနေမျိုး၌ပင် မိတ်ဖက်ကိုယ်စားလှယ်ကြီးများနှင့်အတူ သန်းပေါင်းများစွာသော သုံးစွဲသူများအား အရေးပါသော ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးကြိုးစားလျက်ရှိပါသည်

Wave Money ၏ ဝန်ဆောင်မှုပလက်ဖောင်း သို့မဟုတ် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Call Center 900 / တယ်လီနော နှင့် 09790009000 / အခြားအော်ပရေတာများ သို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်ပါသည်

မိတ်ဆွေတို့၏ ယုံကြည်မှုကို Wave Money မှ အစဉ်အမြဲ တန်ဖိုးထား ကျေးဇူးတင်လျက်ရှိပါသည်