ဖမ်းဆီးခံထားရတဲ့ အေသင်ချိုဆွေရဲ့ လက်ရှိအခြေအနေကို ဖွင့်ဟလာတဲ့ သူမရဲ့ မိခင်

အဆိုတော်အေသင်ချိုဆွေကတော့ သူမရဲ့ သီချင်းတွေကြောင့် ထင်ရှားကျော်ကြားခဲ့သလို Single Mother တဦးအနေနဲ့ပါ ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရသူတဦးပါ




လက်ရှိနွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် သူမဟာ ၅၀၅ က နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး မကြာသေးခင်အချိန်ကပဲ ဖမ်းဆီးသွားခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်


ပရိသတ်တွေကတော့ အေသင်ချိုဆွေအတွက်စိတ်ပူပန်ပေးနေကြတာဖြစ်ပြီး ယနေ့မှာတော့ အေသင်ချိုဆွေရဲ့ မိခင်က အေသင်ရဲ့ လက်ရှိအခြေအနေကို လူမှုကွန်ယက်ကတဆင့် အခုလို
ပြောပြလာခဲ့တာပါ



“ဗွီးဗွီးလေးနဲ့အေသင့်အတွက်စိတ်မကောင်း ဖြစ်နေသော မိတ်ဆွေများကို ကျေးဇူးတင်ရှိပါသည်။ခေတ္တမျှတာဝန်ရှိသူများက စစ်ဆေးနေ ခြင်းသာ ဖြစ်‌ကြောင်း ဗွီးဗွီးလေးလဲကျန်းမာစွာ ရှိပါသည်“လို့ အေသင်ချိုဆွေရဲ့ မိခင်ဖြစ်သူကရေးသားထားခဲ့တာဖြစ်ပါတယ်



ပရိသတ်တွေကတော့ အေသင်ချိုဆွေအမြန်ဆုံးလွတ်မြောက်လာပါစေလို့ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်နော် အေသင်တယောက် အမြန်ဆုံး ဗွီးဗွီးလေးနဲ့ ပြန်လည်တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်