ကြီးကြီးတက် ချမ်းသာပြီး သူဌေးဖြစ်ကိန်း ရှိတဲ့ မှဲ့ပိုင်ရှင်တွေ အကြောင်းသိကောင်းစရာ

မျက်ခုံးနှစ်ခုကြား မှဲ့ရှိရင်ထင်ရှားကျော်ဇောမယ်၊ ရက်စက်တတ်မယ်။

နဖူးပြင်တဲ့တဲ့မှာမှဲ့ရှိရင် ငွေကြေးပြည့်စုံတယ်လို့ အထင်ခံရမယ်။

လက်ယာဘက်မျက်ခုံးမွှေးပေါ် မှဲ့ရှိရင်ချမ်းသာမယ်၊ဥစ္စာပစ္စည်းပြည့်စုံမယ်၊ လောကီချမ်းသာမှုအပြည့်အစုံ ခံစားရမယ်

ဝဲဘက်မျက်ခုံးပေါ် မှဲ့ရှိရင်အသောက်အစားများမယ်၊လောင်းကစားကလည်းတမ်းတမ်းစွဲပါ။

လက်ယာဘက်မျက်ခုံးမွှေးအဆုံးမှာ မှဲ့ရှိရင်အဖွဲ့အစည်းမှာအကြီးအကဲဖြစ်မယ်။

လက်ယာဘက်မျက်ခမ်းအောက်မှဲ့ရှိရင် မျက်နှာပွင့်ပြီး လူချစ်လူခင်များမယ်

ဝဲဘက်မျက်ခမ်းအောက်မှဲ့ရှိရင်လူမုန်းများမယ်၊ အတိုက်အခံနဲ့အမြဲတွေ့ရမယ်၊ ငယ်စဉ်မှာဆင်းရဲဒုက္ခမျိူးစုံကြုံတွေ့မယ်။အချစ်ရေးနဲ့ပတ်သတ်ရင်သတ္တိရှိမယ်၊ ဇနီးရဲ့သြဇာလွမ်းမိုးမှုခံရမယ်။

လက်ယာဘက်နှာခေါင်းမှာ မှဲ့ရှိရင် သားသမီးအဖတ်မတင်တာဖြစ်မယ်။

နှာခေါင်းတည့်တည့် နှာသီးထိပ်ဖျားမှာမှဲ့ရှိရင် အနုပညာလောကမှာအောင်မြင်ကျော်ကြားမယ်။

လက်ယာဘက်ပါးပြင်ပါးစပ်အစွန်နားမှာ မှဲ့ရှိရင်အကျိူးမဲ့စကားကိုပြောတတ်မယ်။ အရေမရအဖတ်မရစကားပြောတတ်မယ်။

လက်ဝဲဘက်ပါးပြင်ပါးစပ်အစွန်နားမှာ မှဲ့ရှိရင် သူတစ်ပါးရဲ့အကြောင်းပြောမယ်၊ထင်ရှားကျော်ကြားတတ်တယ်။

လက်ယာဘက်ပါးပြင်မို့မှာ စံပယ်တင်မှဲ့ရှိရင်မျက်နှာပွင့်မယ်၊တရားရှိတယ်၊ အသက်ကြီးရင့်သော် ရသေ့ရဟန်းဖြင့်အရိုးထုတ်မယ်

လက်ဝဲဘက်ပါးပြင်မို့မို့မှာ စံပယ်တင်မှဲ့ရှိရင် မိန်းမချောလေးတွေတွေဝိုင်းဝိုင်းလည်နေမယ်။

လက်ယာဘက်ပါးပြင်အောက်နားမှာမှဲ့ရှိရင်ချမ်းသာမယ်၊အောင်မြင်မယ်ကျော်ကြားမယ်။

မေးစေ့တည့်တည့်မှာမှဲ့ရှိရင်ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ်အောင်မြင်မယ်ကျော်ကြားမယ်။

မေးစေ့နားတစ်ဝိုက်မှာမှဲ့ရှိရင်ဒုက္ခတွေတွေ့ပြီးမှ အောင်မြင်လာမယ်။

မေးစေ့အလယ် အောက်နှုတ်ခမ်းအောက်မှာမှဲ့ရှိရင် အိမ်ထောင်ဆက်များမယ်၊ ရည်းစားတွေမှိုလှိုပေါက်ပြီး တိတ်တိတ်ပုန်းတွေလည်းအများကြီးတဲ့ဗျာ(ဒီလိုချစ်သူမျိူးပိုင်ဆိုင်ထားရင်တော့သတိသာထားတော့ဗျာ)

မျက်ရည်စီးကြောင်းတည့်တည့်မှာမှဲ့ရှိရင် မယားသေမယ်၊ဆင်းရဲမယ်။

လည်ပင်းမှာမှဲ့ရှိရင်ချမ်းသာမယ်၊ ကြီးပွားမယ်၊ အလုပ်အကိုင်အကြံအစည် အောင်မြင်မယ်။

လက်မောင်းလက်ဖျံမှာမှဲ့ရှိရင် ဆင်းရဲရင် အလယ်လတ်တန်းစားဘဝ၊ အလယ်အလတ်ဆိုရင်အထက်တန်စားဘဝသို့ ​ရောက်မယ်​။

ရင်ဘက်မှာမှဲ့နဲ့၊ ခါးနားမှာမှဲ့ပါရင်မှဲ့စလွယ်လို့ခေါ်တယ်၊ မဆင်းရဲပါ၊ လူအများရဲ့ကြည်ညိုလေးစားခြင်းခံရမယ်၊ ဇနီးအပေါ် သြဇာညောင်းမယ်။

ခြေထောက်ဘယ်ညာခြေဖမိုးတိုမှာ မှဲ့ပါရင်သူရဲကောင်းဝါဒကျင့်သုံးမယ် ခြေဖဝါးအလယ်မှာမှဲ့ရှိရင်ရေကြည်ရာ၊ မြက်နုရာဆိုသလိုရွေ့ပြောင်းသွားလာနေရင်းနဲ့ဘဲ ဘဝကိုအဆုံးသတ်လိမ့်မယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။