ကြက်သွန်ကို အစိမ်းလိုက် လုံးဝမစားသင့်တဲ့ သူများ

ကဲ.. ပရိတ်သတ်ကြီးရေ ကြက်သွန်ဖြူကိုတော့ လူတိုင်းသိပြီးသားပါ။

ကြက်သွန်ဖြူက ကျန်းမာရေးနှင့် ညီညွတ်တဲ့အတွက် နေရာတိုင်း မှာ အသုံးများကြပါတယ်။

ရောဂါတွေ ကုသဖို့အတွက်လည်း အသုံးဝင်တဲ့ ရိုးရာ ဆေးညွန်းလေးဆိုလည်း မမှားပါဘူး။

ကြက်သွန်ဖြူကို သွေးတိုးခြင်း နှလုံးရောဂါ ကိုယ်လက်စထရော သွေးကြောကျဉ်းခြင်း သွေး စီးဆင်းမှု လျော့နည်းခြင်းတွေကို သက်သာစေရန်အတွက် အသုံးပြုခဲ့ကြပါတယ်။

အခု ဖော်ပြပေးမှာကတော့ ကြက်သွန်ဖြူ ကိုမစားသင့်တဲ့ သူတွေအကြောင်းကိုတင်ပြ သွားမှာဖြစ်ပါတယ်။

ဘယ်လိုလူတွေက မစားသင့်ဘူးဆိုပေမယ့်လည်း လုံးဝရှောင်သင့်တာတော့ မဟုတ်ပါဘူး။

ဆေးဝါးအဖြစ် မှီဝဲလို့ ရပါတယ်။ သို့ပေမဲ့ အစိမ်းလိုက်ဝါးစား ခြင်းမျိုးကိုရှောင်ကြည်သင့်ပါတယ်။

ကြက်သွန်ဖြူကို ဒီအတိုင်း အစိမ်း လိုက်ဝါးစားခြင်းက သွေးတိုး ကျစေတဲ့အတွက် သွေးဖိအားနည်း သူတွေအနေနဲ့ ကြက်သွန်ဖြူကို အစိမ်းလိုက်စားခြင်းကို ရှောင်ကျင်ကြပါ။

ကိုယ်ဆီမှာ ဆေးဝါး တစ်ခုခုကို ကြာရှည်စွာမှီဝဲနေရတဲ့သူဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကြက်သွန်ဖြူကို စားသင့်ပါတယ်လို့ ထင်ပါတယ်။

အသည်းနှင့် သက်ဆိုင်တဲ့ ဝေဒနာတစ်ခုခု ခံစားနေရရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။

အစာ အိမ်ဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ ကြက်သွန်ဖြူကို အစိမ်းစားခြင်းမှ ရှောင်ကျင်ကြပါ။

ထို့နောက် ကိုယ်ဝန် ဆောင်နေတဲ့ အချိန်မှာ ကြက်သွန်ဖြူ ကိုအစိမ်းလိုက် မစားသင့်ပါဘူး။

ကျန်တော်တို့ မျှဝေပေးလိုက်တဲ့ စားသားလေးတွေမှာ မှတ်သားစရာ တစ်ခုခုပါမယ်ဆိုရင် အလွန် ဝမ်းမြောက် ပီတိဖြစ်မိပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။