ဆေးလိပ် နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား ( ဒီ အဖိုးတန် နည်းလမ်းလေး သိမ်းထားပါ )

ဆေးလိပ် နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား ( ဒီ အဖိုးတန် နည်းလမ်းလေး သိမ်းထားပါ )

မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက်

အင်္ဂလိပ် အမည် – Broad-leaf Plantain

ရုက္ခဗေဒ အမည် – Plant-ago major

မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာ ဖြစ်ပါ တယ်။

ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။

အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။

ဆေးလိပ် မီးခိုးငွေ့ထဲမှာ နီကိုတင်း (Nicotine) အပါအဝင် ဓာတု ပစ္စည်း ၄၀၀၀ ကျော် ပါဝင်နေပြီး ၎င်းထဲမှာမှ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဖြစ်စေ နိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါ တယ်။

ဆေးလိပ်သောက် သုံးမှုကြောင့် နှလုံး သွေးကြော ပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်းနဲ့ သွေးကြော ပိတ်လို့ ခြေထောက် ဖြတ်လိုက် ရတာမျိုးတွေ တောင်ရှိ ပါ တယ်

ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် အဆုတ်ကင်ဆာ အပြင် အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာပါဖြစ်ပွားနိုင် တာမို့ မိတ်ဆွေတို့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး မဖြတ်ချင် ကြဘူးလားခင်ဗျာ။

ဆေးလိပ်စွဲနေတဲ့ သူများ (Nicotinism) ဟာ တစ်ခါတစ်ရံ စိတ်ဓာတ် ကျတာမျိုး၊ အိပ်မပျော်တာ မျိုးတွေဖြစ်ပြီး ဆေးလိပ် ကလည်း ဖြတ်မရ တာမျိုး ဖြစ်ဖူးကြ မှာပါ။

Nicotinism ဆိုတဲ့ ထဲမှာ ဆေးရွက်ကြီး၊ ဆေးမွှေး မျိုးစုံကြောင့် ကွမ်းကို စွဲလမ်းနေသူတွေလည်း ပါဝင် ပါတယ်။

အခုလို ကျန်းမာရေး အတွက် ထိခိုက်နိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာ စားသုံးတာတွေ ကို ရပ်နိုင်ဖို့ ကူညီပေးနိုင် တာကတော့ အကြောတစ်ထောင်ပင်ပဲ ဖြစ်ပါတယ်

အကြော တစ်ထောင်ပင် ဆိုတာ ဆေးဖက်ဝင် နှစ်ရှည်ပင် တစ်မျိုး ဖြစ်ပါတယ်။

မူရင်းဒေသတွေကတော့ ဥရောပ ဒေသများ၊ အာရှ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။

အလွန်အေးပြီး မြင့်မားတဲ့ တောင်ပေါ် အရပ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ပြင်ဦးလွင်နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ တွေ့ရှိရပါတယ်။ ထို့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း သဘာဝ အလျောက် ပေါက်ရောက်ပါတယ်။

အပင်ရဲ့အရွက်ကိုကြည့်မယ်ဆိုရင် အကြောငယ်လေးတွေ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာ တွေ့ရလို့ အကြောပေါင်း တစ်ထောင်လို့ မှည့်ခေါ် ခဲ့တာဖြစ် ပါတယ်။

အချို့သောဒေသ ခံတွေ ကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့ တူလို့ ဖားကြောရွက်လို့ ခေါ်ကြတယ်လို့ သိရ ပါတယ်။

ဆေးလိပ် (သို့မဟုတ်) ကွမ်းစားချင်လာတဲ့ အချိန်မှာ အကြောတစ်ထောင်ရွက်ကို ခူးယူပြီး ရေသန့်စင်အောင်ဆေးကာ ဝါးစားပစ် လိုက်ပါ။

ဆေးလိပ်သောက် ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတ်ကို ပြောင်းလဲ လာစေပြီး တဖြည်းဖြည်း ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတ်ကို မလိုချင်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။

အရွက်ကို ဝါးစားလိုက်ခြင်းအားဖြင့် အဆုတ်ကို လန်းဆန်းစေတဲ့ အပြင် ဆေးလိပ်သောက် ချင်စိတ်နဲ့ ကွမ်းယာစားချင်စိတ်တို့ကို လျော့နည်း လာစေမှာ ဖြစ်ပါတယ်။

အချို့သောနိုင်ငံများမှာ ဆိုလျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ကျန်းမာရေး အတွက် အကြောတစ်ထောင်ပင်မှ ဆေးတောင့်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချ ခြင်းပင် ရှိနေတာ ဖြစ်ပါ တယ်

ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် အတွက် ထိခိုက်မှု ရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာစားသုံးမှုကို လျော့ချကြည့်ပြီး မိမိဒေသနဲ့ လက်လှမ်းမီ တယ် ဆိုရင် စမ်းသပ်ကြည့် ဖို့ တိုက်တွန်း ပါတယ် ခင်ဗျာ…

ဇင်ထူးနိုင်
ကိုးကားချက် မင်းဝင်းထိန် (B.Ag) ၏
သဘာဝဆေးဖက်ဝင် အကြောတစ်ထောင်ပင်

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။