အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်လို့ရမယ့် အဲကွန်း ပန်ကာ လုပ်နည်း (ဗဟုသုတအနေဖြင့် သိထားရန်)

ရာသီဥတု ပူနွေးလာတဲ့အခါ အဲကွန်းလေးတစ်ခုလောက်တောင့်တမိတာတော့အမှန်ပါ ။

ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အဲ ကွန်းမတပ်နိုင်တဲ့အခါ အခုလို အဲကွန်းပန်ကာလေးတစ်ခုပြုလုပ်ပြီး ပူအိုက်တဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။

ဒီလိုပန်ကာလေးလုပ်ဖို့အတွက်ဘာတွေလိုအပ်မလဲ ။

ပလတ်စတစ်ဘူး နှစ်ဘူး ၊ ရေခဲတုံးအနည်းငယ်နဲ့ ပန်ကာတစ်ခုပဲလိုအပ်ပါတယ်

ရေဘူးတွေကို အပေါ်ပိုင်းဖြတ်ထုတ်ပြီးတော့ အလယ်ပိုင်းမှာ အပေါက်သေးသေးလေးတွေအများကြီးဖောက်ထားပါ ။

ထို့နောက် ဒီရေဘူးတွေကို ပန်ကာအနောက်ဘက်မှာ ကြေးနန်းကြိုးတစ်ခုနဲ့ ချည်ထားလိုက်ပါ ။

ရေဘူးအောက်ခြေဘက်မှာ ရေခဲတုံးတွေကိုထည့်ပြီး ပန်ကာဖွင့်လိုက်ရင်တော့ အဲကွန်းကထွက်လာတဲ့ လေမျိုးအေးမြနေတဲ့လေအေးကိုခံစားရပါလိမ့်မယ်

ထို့အပြင် ညအိပ်တဲ့အခါမှာလည်း အခန်း ထဲမှာ ဒီအဲကွန်းပန်ကာ ကိုဖွင့်ထားလိုက်မယ်ဆိုရင် အခန်းထဲမှာရှိတဲ့လေက အေးမြနေတဲ့အတွက် အပူဒဏ်မခံရတော့ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ပါလိမ့်မယ်။

နောက်နည်းလမ်းတစ်ခုကတော့ ရေခဲခေါင်းအုံးပါ ။

ရေခဲခေါင်းအုံးဆိုတာကတော့ အတွင်းမှာ ဂျယ်လီတွေထည့်ထားတဲ့ ခေါင်းအုံးတစ်လုံးဖြစ်ပါတယ်။

ခေါင်းအုံးကို မနက်ခင်း ရေခဲသေတ္တာထဲထည့်ထားခဲ့ပြီး ညအိပ်တဲ့အခါ ရေခဲသေတ္တာထဲက ထုတ်ကာ ခေါင်းအုံးအိပ်မယ်ဆိုရင် ကလေးတစ်ယောက်လိုနှစ်ခြိုက်စွာအိပ်ပျော်ပါလိမ့်မယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။