စပျစ်သီးစားပြီး အစေ့ကို ထွေးမပစ်နဲ့ ရွှေထက်တန်ဖိုးရှိပါတယ် (ဒါကို လူတွေမသိကြသေးဘူး)

လူအများစု မစားဖြစ်ပဲ ထွေးထုတ်နေမိတဲ့ စပျစ်သီးအစေ့လေးတွေအကြောင်း။

စပျစ်သီး အစေ့ရဲ့ အရသာက ခါးသက်သက် စားရတာကလည်း မာဆတ်ဆတ်နဲ့ဆိုတော့ စပျစ်သီးစားတိုင်း ထွေးထုတ်ပစ် လိုက်တာ များပါတယ်။

ဒါပေမယ့် လူတွေ မသိတဲ့ အချက် တစ်ခုက စပျစ်သီးက သူရဲ့အစွမ်းသတ္တိတွေ အကုန်လုံးကို အစေ့ထဲမှာ သိမ်းဆည်း ထားတာပါ။

စပျစ်သီး အစေ့ထဲ မှာပါတဲ့ အစွမ်းသတ္တိ တွေကိုသာ သိခဲ့မယ်ဆိုရင် အရင်က ထွေးထုတ် ခဲ့မိတဲ့စပျစ်သီးစေ့လေးတွေကို နှမြောမိမှာ သေချာ ပါတယ် ။

နိုင်ငံတကာ မှာလည်း စပျစ်သီးအစေ့ရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး ဆေးဝါး အဖြစ် ထုတ်လုပ် ရောင်းချ နေတာမျိုးလည်း ရှိပါတယ် ။

စပျစ်သီး အစေ့ထဲမှာ အရမ်းကို အစွမ်းထက်တဲ့ အင်တီအောက် ဆီးဒင့် တစ်မျိုး ပါဝင် ပါတယ် ။

အဲ့ဒီ ဓာတ်တိုးဆန့်ကျင် ပစ္စည်းရဲ့ အစွမ်းကြောင့် အရွယ်တင် နုပျိုစေပြီး အသားအရေကို ကြည်လင် လှပစေပါတယ် ။

ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန်ဓာကိုယ်မှာ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ဖယ်ရှား ပေးပါတယ်။

ဆံချည်မျှင် သွေးကြောလေးတွေ ထိ သွေးလည်ပတ်မှု ကောင်းစေလို့ ခန္ဓာကိုယ်ကို ကျန်းမာ လန်းဆန်း စေပါတယ်။

သွေးထဲက မကောင်းတဲ့ အဆီတွေကို လျော့ကျစေလို့ နှလုံးနဲ့သွေးကြော ဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။

Omega 3 Fatty Acid တွေလည်း ပါဝင်လို့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန် စေတယ်။

မျက်စိကျန်းမာရေး အတွက် လိုအပ်တဲ့ VitaminA လည်း ပါဝင်တယ် ။

VitaminE လည်း ပါဝင်လို့ အသားအရည်နဲ့ ဆံသားကို စိုပြည်လှပ စေတယ်။

Collagen ထုတ်လုပ် မှုကို တိုးတက်စေလို့ အသားအရည်ကို တင်းရင်း စိုပြည်လှပ စေတယ် ။

အရေးပြားဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေလို့ ထိခိုက်ဒဏ်ရာ များကို လျင်မြန်စွာ သက်သာပျောက်ကင်း စေပါတယ်။

အသည်းနဲ ကျောက်ကပ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်ဓာတ်တွေကို ရှင်းထုတ် ပေးနိုင်တယ် ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။