တစ်ခါသုံး ခွက်ဖြူတွေက ကျန်းမာရေးအတွက် ဘယ်လောက်ထိခိုက်လဲ မသိရင် ဖတ်ကြည့်လိုက်ပါ။

အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ရောဂါက ထူးဆန်းနေပါတယ်။

သူဟာတနေ့လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့ ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။

ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ချီနေပါပြီတဲ့။

ဆရာ ဝန်တွေနဲ့စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။

နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့သူ့ရဲ့အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“အံ့သြစရာဘဲဗျာ..သူ့ရဲ့ အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့ Mr. Varun ရဲ့ခွဲစိပ် ဆရာဝန်က ပြောပါတယ်။

ရောဂါရဲ့ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့၊ နေ့ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့သာ သောက်ဖြစ်ပါတယ်တဲ့။

စက္ကူတွေရဲ့ သဘောသဘာ၀ အရ၊ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့၊ အရည်တွေထဲ့သောက်လို့ရအောင် စက္ကူခွက် ပေါ်မှာ ဖယောင်းလောင်းပေးရပါတယ်။

အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လ္ဘက်ရည် (သို့မ ဟုတ်) ကော်ဖီ ပူပူတွေထဲ့သောက်လိုက်တဲ့အခါမှာ၊ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစိပ်တဒေသတွေဟာ အရည်ပူပူတွေနဲ့အတူ ဗိုက်ထဲရောက်သွား ပါတော့တယ်။

ထိုခွက်တွေနဲ့ အရည်ပူပူတွေကို ရံဖန်ရံခါမှ သောက်ခဲ့ ရင် ပြဿ နာ မရှိသော်လဲ၊ နေ့စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ် ကို ဒုက္ခပေးပါလိမ့်မယ်။

လ္ဘက်ရည်၊ ကော်ဖီ၊ ရေနွေး ပူပူတွေသောက်တဲ့အခါ-

(၁) တခါသုံး ခွက်ဖြူဖြူတွေကို (လုံးဝ) မသုံးပါနဲ့။ (စက္ကူပေါ်မှာ ဖယောင်းလောင်း ထားတာကြောင့် Mr. Varun လို ဝေဒနာမျိုးရ ရှိ စေနိုင်ပါတယ်)

(၂) ဖန်ခွက်ကိုလဲ မသုံးသင့်ပါဘူး. (ဖန်ခွက်ဖြစ်စေဖို့အတွက် ထိုဖန်ကိုချက်ထားတဲ့ ဓာတုပစ္စည်းတွေက ရေနွေးပူပူတွေ နဲ့ တွေတဲ့အခါ ဓာတ်ဖောက်ပြန်ပြီး၊ အစာ အိမ်နဲ့သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်)

(၃) ကြွေထည်ပစ္စည်းနဲ့လုပ်ထားတဲ့ ကြွေခွက်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ စတီးလ်ခွက်တွေလဲ သုံးနိုင်ပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။