
လည်ပင်းမည်းခြင်း ၊ လည်ဂုတ်မည်းခြင်းတို့အတွက် အိမ်တွင်းကုထုံးများ
၁။ သခွားသီး
==========
သခွားသီးမှာ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပြီး အရေပြားကိုလည်း ဖြူဝင်းစေနိုင်ပါတယ် ။ သခွားသီးအရည် (သို့) သခွားသီးစိတ်ကို မည်းနေသော လည်ပင်းပေါ်သို့ ပွတ်တိုက်ပေးပါ ။
၁၀ မိနစ် ၁၅ မိနစ်ခန့် ကြာပြီးနောက် ရေအေးဖြင့် ဆေးကြောပါ ။ နောက်ထပ်နည်းလမ်း တစ်ခုလည်း ရှိပါသေးတယ် ။
သခွားရည် နှင့် သံပုယိုရည်ကို ဆတူရောစပ်၍ ဂွမ်းဖြင့် လည်ပင်းတစ်ဝိုက်ကို သုတ်လိမ်းပေးပါ ။ ၁၀ မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ ။
၂။ရှားစောင်းလက်ပက်
=================
အရေပြားအတွက် ကုထုံးဆိုလျှင် ရှားစောင်းလက်ပက်ကတော့ မပါမဖြစ်ပါပဲ ။ အားလုံးသိတဲ့အတိုင်းပါပဲ ..။
ရှားစောင်းလက်ပက်က အရေပြားမည်းညိုခြင်းတွေကို ဖယ်ရှားပေးပြီး လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ အများအပြား ပါဝင်နေပါတယ် ။
ရှားစောင်လက်ပက်ကို ခွဲ၍ အထဲမှ အနှစ်ကို အရေပြားပေါ်သို့ တိုက်ရိုက် သုတ်လိမ်းပါ ။ မိနစ် ၂၀ ခန့်ကြာလျှင် ရေဖြင့် ဆေးချပါ ။ တစ်နေ့ တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ ။ သင်လိုချင်တဲ့ ဖြူဝင်းနေတဲ့ လည်ပင်းသားလေးကို ရရှိစေမှာပါ ။
၃။သံပုယိုသီး
==========
သံပုယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓါတ်က အရေပြားကို ဖြူဝင်းစေပြီး အမာရွတ်တွေကိုတောင် လျော့ပါးစေနိုင်စွမ်း ရှိပါတယ် ။ သံပုယိုသီးကို အရည်သီးသန့်ညှစ်၍ ထားပါ ။
ထို့နောက် အရည်ကို ဂွမ်းဖြင့်တို့၍ အရေပြားပေါ်သို့ လိမ်းပေးပါ ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များ အနေနဲ့ကတော့ သံပုယိုရည်ကို ရေအနည်းငယ်ရော၍ လိမ်းပေးပါ။
မိနစ် ၂၀ ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ ။ အရေပြား ခြောက်သွေ့တတ်တယ် ဆိုလျှင်တော့ အစိုဓါတ်ထိမ်း ခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါသည်။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။