
အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ (၇)မျိူး
၁။ ဟင်းနု နွယ်ရွက် (Spinach)
========================
ချက်ပြီးသားဟင်းနု နွယ်ရွက်ကို ပြန်နွှေးပြီး မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့
နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ဟင်းနု နွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ
နိုက်ထရိတ် ဓာတ်ဆားကနေ နိုက်ထရစ် အက်စစ် အဖြစ် ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုက်ထရစ် အက်စစ်ဟာ
ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်…။
၂။ တရုတ်နံနံကြီး (Celery)
=====================
လူတွေဟာများသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက်လုပ်စားတဲ့အခါမှာထည့်လေ့ရှိပါတယ်။
တကယ်လို့ အဲ့လိုလုပ်စားမယ်ဆိုရင်လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကိုတစ်ခါတည်း ကုန်အောင် စားပစ် သင့်ပါတယ်
တကယ်လို့ ပြန်အပူပေး၊ ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီးမှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။
သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနု နွယ်ရွက်လိုပဲ။ နိုက်ထရစ်အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်…။
၃။ သကြားမုံလာ (Beets)
===================
သကြားမုံလာဟာဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့ အစားစာတစ်မျိူးဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင်
ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလို ပျက်စီးစေနိုင်ပါတယ်။ ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်…။
၄။ အာလူး (Potato)
================
အာလူးမှာကျန်းမာရေးအတွက် အကကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း
ချက်ပြီးသား အာလူးကို တစ်ရက်တည်းမှာကုန်အောင်မစားနိုင်ဘူး ဆိုရင်တော့ အဲဒီ အကျိူးကျေးဇူးတွေ မရနိုင်ဘူး။
ပျောက်ဆုံးသွားပါမယ်။ အာလူး ချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယ်အတွက်
အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်…။
၅။ ကြက်/ဘဲဥ (Eggs)
==================
ကြော်ထား ပြုတ်ထားတဲ့ ကြက်၊ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေ နိုင်တယ်လို့ ဆိုထားပါတယ်…။
၆။ မှို (Mushrooms)
================
ပြန်နွှေးထားတဲ့မှိုကို စားခြင်းဟာကျန်းမာရေးအတွက် ဆိုးကျိုး တွေကိုဖြစ်စေပါတယ်
ဥပမာ- အစာခြေခြင်း၊ ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ဆိုထားပါတယ်…။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။