
သစ်တံခါးဆရာတော် ၏ ” မြေ” ပိုင်ရှင် ” အိမ်” ပိုင်ရှင်ဖြစ် အောင် အဓိဋ္ဌာန်ဝင် ကုသိုလ်ပြု၍ ဆာင်ရွက်နည်း
နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓအဆူဆူတို့အား ရည်မှန်း၍
ဆွမ်းတစ်ပွဲ ရဟန္တာများ အရိယာများ ဝိဇ္ဇာဓမ္မဝိဇ္ဇာ နတ်ကောင်းနတ်မြတ်တို့အတွက် ရည်မှန်း၍ ဆွမ်းတစ်ပွဲ တစ်ယောက်စာ တစ်ပန်းကန်စာတွင် ဆွမ်းနှင့် ဆွမ်းဟင်း စုထည့်ကာ ခက်ရင်းနှင့်ဇွန်း တပ်ပါ
( လက်ဆေးတော်ရေ လက်သုတ်ပုဝါနှင့်လည်းရပါသည် )
အချိူ ပွဲကိုလည်း ပုဂံပြားတစ်ချပ်တွင် စုထည့်ပါ သောက်တော်ရေ (သို့) ရေနွေးကြမ်းတစ်ခွက်စီ လှူဒါန်းပူဇော်ပုံ မိမိစားသုံးနေသောစားပွဲ(သို့)တစ်နေရာတွင် သီးသန့်ထား ဆွမ်းပွဲကိုလက်နှင့် ကိုင်မြှောက်ကာ
” ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူပြီးကြသော မြတ်ဗုဒ္ဓအဆူဆူ ရဟန္တာပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များနှင့်သံဃာတော်အပေါင်း အရိယာဝိဇ္ဇာ ဓမ္မဝိဇ္ဇာထွက်ရပ် လမ်းစရောက်တော်မူကြ သော
ဝိဇ္ဇာထိုရ် သူတော်ကောင်းအပေါင်း အရှင်ကောင်း သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတို့ ကိုယ်တိုင် ကြွရောက်၍ ဘုန်းပေးတော် မူကြပါ သုံးဆောင်တော်မူ ကြပါဟု ” ပင့်ဖိတ် ၍ အလှုဒါန ပြု ပေးပါ။
မိမိ ထမင်းစားပြီးပါက .. မြတ်ဗုဒ္ဓ နှင့်ရဟန္တာ များ အရိယာ ဝိဇ္ဇာ ဓမ္မဝိဇ္ဇာ တို့အတွက် အလှုဒါန ပြု့ထားသော ပန်းကန်များကို ကိုင်ပြီး သစ္စာအရင်ပြုပါ
သစ္စာပြုပုံ
========
တပည့်တော် တစ်ခါမှမလှူဒါန်းဖူးသော အလှုဒါနကို လှုဒါန်းပါ၏ ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေမြေကြီးပေါ်မှာစား၊ မြေကြီးပေါ်မှာ ကျင်ကြီး ကျင်ငယ် စွန့်ကာ နေထိုင်သည့် အတွက် ” အသင်” မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။
ဤကဲ့ သို့ ကျေးဇူး ကြီးမားလှသောကြောင့် ” ဤ မြေကြီးကို စောင့်ရှောက်နေပါသော ” ဝသုန္ဒရေ ” မြေစောင့်နတ် မင်း နှင့် မြေကြီး ပေါ်တွင်ရှိကြကုန်သော ” ပုရွတ်ဆိတ်” တီကောင် ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါ မှန်သမျှတို့သည် ဘုရားတပည့်တော် စားသလိုစားနိုင်ပါစေ
ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ။ အေးချမ်းကြပါစေ သာယာကြစေ ကျန်းမာ ကြပါစေ ချမ်းချမ်း သာသာ စားသောက် နိုင်ကြပါစေ “
အလှူဒါနပြုပုံ
===========
ကပ်လှုထားသော ထမင်းဟင်း ၂ ပွဲ ရေ တို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ… မြေပြင်ပေါ်တွင်ဘာမှမခင်းရ ကျန်တစ်ဝက် ကို မိမိစား ပါ။
“ဆွေတော် မျိူးတော် အပေါင်း နှင့် မြင်အပ်သော ပုဂ္ဂိုလ် မမြင်အပ်သော ပုဂ္ဂိုလ် ” ဝသုန္ဒရေ ” နတ်မင်း နှင့် (၃၁) ဘုံ သား သတ္တဝါများ စားသုံးတော်မူ ကြပါ သုံးဆောင်တော်မူ ကြပါ
ဆုတောင်း
=========
ဤကဲ့သို့ ကုသိုလ် ကောင်းမှု့ထူး ကို ပြု့လုပ်ရပါသော ကောင်းကျိူး များကြောင့် “ဘုရားတပည့်တော်( … ) သည် ” မြေပိုင်ရှင်ကြီး အိမ်ပိုင်ရှင်” သူဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ
အမြန်ဖြစ်၍ ဘာသာအကျိူး သာသနာအကျိူး သာသနာပြုနိုင်ပါစေသား” ဟု ဆုတောင်းသစ္စာ ပြုပါ
ရောဂါပျောက်ပါစေ ကျန်းမာပါစေ လာ်လာဘဝင်စေ ။ ဝင်ငွေ တိုးပါစေ ဟုရွတ်ဆိုပါက လက်တွေ့ အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန် လုပ်ကြည့်ကြပါ
အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။