
“ မေး ” ====== “ အောက်ထပ် ” အိမ်ထောင်စု များ၌ ဘုရားခန်း ထား၍ ကိုးကွယ်ရာ “ အပေါ်ထပ် ” အိမ်ထောင်စု တို့၏ အောက်မှာ ဖြစ်နေတတ်၍
“ ဘုရားခန်း ”၏ အပေါ်၌ သွားလာ နေထိုင်သူ များ၌ အပြစ် ရှိ ပါ သ လား ?
( သို့မဟုတ် )
“ အောက်ထပ် ” ၌ “ ဘုရားခန်း ”ထားသူ များမှာ အပြစ် ရှိ ပါ သလား ?
ဖြေကြားပေး ပါ ရန် လျှောက်ထား ပါသည် ဘုရား ။
“ ဖြေ ” ======= အထက်ထပ်၌ နေသည် ဖြစ်စေ၊ – အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ် ဘုရား၌ ကြည်ညို ကိုးကွယ် ကြသော ဗုဒ္ဓဘာသာဝင်များ ပီပီ “ဘုရားခန်း” ကို တခမ်းတနား ထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာ ဖြစ်ရ သည် ။
“ အောက်ထပ်” ဖြစ်၍ – “ ဘုရားခန်း မထားသင့်- မကိုးကွယ်သင့် ” ဟူ၍ မဖြစ်သင့် ပါချေ ။
မိမိတို့ နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံး ထား၍ ကိုးကွယ်ကြ ရန်သာ ဖြစ်သည် ။
ဤသို့ “ အောက်ထပ် ” ၌ “ ဘုရားထား၍ ကိုးကွယ်ခြင်း ” ကြောင့်- “ အထက်ထပ် ” ၌ နေသူတို့အတွက် လည်း မရိုမသေ ပြုမူသည် မ မည် ။
ပကတိနေမြဲ အတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ ။
သာဓက အနေဖြင့် ဆိုရသော် –
“ ဥတ္တရာသတို့သမီး ” သည် မိမိ ခင်ပွန်းဖြစ်သူက “ ဗုဒ္ဓရှင်တော်မြတ်ဘုရား ” အား ” ကိုးကွယ်သူ ” မဟုတ်၍ – ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား “ သီရိမာ ” အား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည် ၊
မိမိက အောက်ထပ်သို့ ဆင်းလာပြီး- “ ဘုရား ” အမှူးရှိသော သံဃာတော်တို့အား “ ခုနစ်ရက် ပတ်လုံး ” ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေး ခဲ့လေ သည် ။
မြတ်စွာဘုရား ကိုယ်တော် တိုင်လည်း- “ ဥတ္တရာ ” ရှိရာ “ ပြသာဒ်အောက်ထပ် ” သို့ကြွရောက်၍ ချီးမြှောက် ခဲ့ သည် ။
ထို့ကြောင့်- “ အိမ်အောက်ထပ် ” ၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏ ၊
ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက် နိုင်ရန် “ အဝတ် မျက်နှာကြက် ” စသည် – လှလှပပ ပြုလုပ်ပူဇော် ထားကြရန် ကား လိုပေ လိမ့် မည် ။
“ ရဝေထွန်း ( ဘဒ္ဒန္တ တိလောကသာရ ) ”
မှီခိုရာ ကျမ်းကိုး – ( “ ရဝေထွန်း (ဘဒ္ဒန္တတိလောကသာရ) ” ၏ “ တရား အမေးအဖြေ “ မှ )
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။