“ကြီးရင်မှီ ငယ်ရင်ချီ” ဆိုတာရှိပေမယ့် အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဒါတွေဖြစ်လိမ့်မယ်…

“ကြီးရင်မှီ ငယ်ရင်ချီ” ဆိုတာရှိပေမယ့် အိမ်ထောင်တစ်ခုမှာ အသက်ရွယ်ကွာလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ

အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး နှစ်ဦးနှစ်ဘက် ချစ်ရင်ပြီးတာပဲလို့ ဆိုကြတယ်

တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာကစတာ ။ တစ်ခုပြီးတစ်ခုနဲ့ မဆုံးနိုင်တော့ဘူး။

ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ပါဘူး ။

အမြင်နဲ့ခံယူချက်တွေကလည်းကွာကြတယ် ။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ဒုက္ခတွေပဲဖြစ်ပါတယ် ။

(၁) လွှမ်းမိုးခြင်း
============

အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာနားထောင်စေချင်တယ် ။ အနိုင်လိုချင်တယ် ။

ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီးအနိုင်ရချင်တယ် ။ အလျှော့ပေးစေချင်တယ် ။

(၂) အကြိုက်မတူခြင်း
=================

ဒါကလည်းသိပ်မဆန်းတဲ့ အရာတစ်ခုပဲ ။

အသက်ကြီးတဲ့ လူကတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေချင်တယ် ။ ဆိုင်ကောင်းကောင်းလေးမှာထိုင်ပြီးစကားပြောချင်တယ် ။

ငယ်တဲ့လူကတော့ လျှောက်သွား၊ လျှောက်စားနေချင်ပြီး ပွဲလမ်းတွေဆိုလည်းသွားချင်သေးပါသေးတယ် ။

(၃)အသုံးအဖြုန်းကြီးခြင်း
===================

အသက်ကြီးသူကတော့ ပိုက်ဆံကိုမဖြုန်းတော့ဘူး။ ငယ်တဲ့လူကျ တော့သုံးချင်တာဆိုသုံး လိုက်ရမှပါ ။ အဲ့ဒီကိစ္စနဲ့လည်းခဏခဏစကားများရပါတယ် ။

(၄) နှစ်ဦးသဘောတူ ညှိရခက်ခြင်း
===========================

မတူတာတွေများပေမဲ့ချစ်တဲ့စိတ်နဲ့ ညှိနှိုင်းလို့မရဘူးလားလို့မေးစရာရှိတယ် ။

တကယ်တမ်းကျတော့မဖြစ်နိုင်ဘူး အမြင်နဲ့ခံယူချက်တွေက ကွဲပြားနေတာဆိုတော့ ညှိလို့ကိုမရပါဘူး ။

(၅) ပတ်ဝန်းကျင်မကောင်းခြင်း
========================

ဘေးပတ်ဝန်းကျင်ကလည်း အသက်ကြီးတဲ့လူကိုတွဲတာ ပိုက်ဆံကြောင့်လို့ ထင်ကြေးပေးတာလည်း ခံရပါသေးတယ် ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။