ခလုတ်ပိတ်ထားသော်လည်း ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေပြီး မီတာတက်နေသော ပစ္စည်းများ

ခလုတ်ပိတ်ထားသော်လည်း ပလပ်ဖြုတ်မထားလျှင် လျှပ်စစ်ဓာတ်ကို ဆွဲယူသုံးစွဲနေပြီး မီတာတက်နေသော ပစ္စည်းများ

မသုံးစွဲပဲ ပိတ်ထားပေမယ့်လည်းလျှပ်စစ်အားကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြခြင်ပါတယ်။

၁။ ဖုန်း Charger
=============

လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။

အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။

ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါ ဖြုတ်ထားပါ။

၂။ TV Tuner
===========

တီဗီရဲ့ Channel လိုင်းလေးတွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါလိမ့်မယ်။

တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲ လုံလောက်ပြီလို့ ထင်နေကြတတ်ပါတယ်။

၃။ တီဗီ (TV)
===========

တီဗီကို ခလုတ်လုံး၀ ပိတ်လိုက်တာမဟုတ်ပဲ Standby Modeပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေပါလိမ့်မယ်။

၄။ ကွန်ပျုတာ
===========

ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေပါလိမ့်မယ်။

အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက်ကုန်ပါလိမ့်မယ်။

၅။ Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်း
===========================

Timerပါတဲ့ အိမ်သုံး စက်ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန် နေပါလိမ့်မယ်။

တတ်နိုင်ရင် ကိုယ်မသုံးသေးဘူးဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကို ဖြုတ်ထားပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။

ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။

သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊

လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်း လောက်က အလဟဿ ဖြစ်နေမှာ ဖြစ်ပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners