စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်သော လွယ်လွယ်ကူကူ ပြုလုပ်နိုင်သော မြေပဲယို ၊ နှမ်းယို ပြုလုပ်နည်း

လွယ်လွယ်ကူကူ Home made မြေပဲယိုနှင့်နှမ်းယိုလုပ်နည်း

မြေပဲယိုနှင့်နှမ်းယိုများကို မိမိတို့အိမ်မှာ လုပ်စားကြည့်မယ်နော်။အရမ်းလွယ်ကူရိုးရှင်းတဲ့အတွက်လုပ်စားလို့လည်းအဆင်ပြေမယ်ထင်ပါတယ်ရှင့်

ပါဝင်ပစ္စည်းများ
============

မြေပဲဆံ နို့ဆီဗူး၁ခွက်(သို့)နှမ်းနို့ဆီဗူး၁ခွက်

ထန်းညက်၇လုံး၊ကြံသကာ၃ချောင်း(အချိုကြိုက်ပါက ပိုထည့်နိုင်ပါတယ်)

ရေဆန်ချိန်ခွက်၁ခွက်

ဆားလက်ဖက်စားဇွန်း၁/၄ ပုံ

ပြုလုပ်နည်း
=========

မြေပဲဆံ(သို့)နှမ်းကို‌လှော်ထားပါ။မြေပဲဆံဆိုအခွံချွတ်ထားပေးပါ။အိုးထဲရေထည့်ပြီးထန်းညက်ကိုညောင်စေးကြအောင်ကြိုပါ။

ထန်းညက်ရည်စေးလာရင်မြေပဲဆံ(သို့)နှမ်းထည့်ပါ။ဗန်းတစ်ချပ်ကိုပဲဆီသုတ်ပြီးမြေပဲ(သို့)နှမ်းကြိုထာတာလောင်းထည့်ပါ။မြေပဲအပေါ်မှ နှမ်းလေးဖြူးပေးလည်းရပါတယ်။

ခဏအအေးခံ ဓားရာပေးပြီးဆက်ပြီးအအေးခံပေးပါမယ်။အေးခဲသွားပြီဆိုဆိုရင်မြေပဲယိုလေးစားရန်အသင့်ဖြစ်ပါပြီ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners