ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် (၅)မျိုး

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိလိမ်ညာတတ်တဲ့သူလားဆိုတာ သူ့ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ရပါတယ်။

သစ္စာမရှိတဲ့သူအများစုမှာ အခုလို လက္ခဏာတွေကို သိသိသာသာတွေ့မြင်နိုင်ပါတယ်။

(၁) ကိုယ့်ဖို့ပဲကြည့်တတ်တဲ့အတ္တသမားဖြစ်နေခြင်း
======================================

သစ္စာမရှိတဲ့သူအများစုဟာ ကိုယ်တစ်ယောက်အတွက်ပဲကြည့်တတ်ပြီး သူများဘက်ကိုလုံးဝထည့်မစဉ်းစားတတ်တဲ့ အတ္တကြီးသူတွေဖြစ်ပါတယ်။

ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက်ကိုမကြည့်ပေး၊မတွေးပေးတတ်တော့ သစ္စာဖောက်ဖို့လည်း ဝန်မလေးတော့ပါဘူး။

(၂) ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်း
=========================================

ချစ်သူတွေ၊လက်တွဲဖော်တွေအချင်းချင်း အပြန်အလှန်လေးစားတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

ချစ်သူ၊ အိမ်ထောင်ဖက်ကို မလေးစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ဝန်မလေးသူတွေဖြစ်ပါတယ်။

(၃) လျှို့ဝှက်ချက်တွေများလွန်းခြင်း
==========================

လက်တွဲဖော်တွေဟာတစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေထားလွန်းတာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ်။

ကိုယ်ပိုင်လွတ်လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့ကလွဲပြီး မိသားစုနဲ့ပတ်သက်တာ နှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ်။

စိတ်ပညာရှင်တွေရဲ့ သုတေသနတွေအရ လျှို့ဝှက်ချက်တွေများလွန်းတဲ့သူတွေဟာ ဖောက်ပြန်သူဖြစ်ဖို့ အခွင့်အလမ်းများတဲ့သူတွေဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

(၄) သဝန်ကြောင်လွန်းခြင်း
=====================

ချစ်သူအပေါ်သဝန်တိုတာကတော့ လူတိုင်းလိုလိုပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး သဝန်ကြောင်တဲ့အဆင့်ထိရောက်ပြီး နေရာတကာချုပ်ချယ်လွန်းတာမျိုးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းခြင်း၊အငုံ့စိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေက တခြားသူတွေထက် ဖောက်ပြန်နိုင်ချေပိုများပါတယ်။

(၅) အရာရာကိုအလေးအနက်မရှိခြင်း
===========================

မိသားစုတွင်းသံယောဇဉ်၊ သူငယ်ချင်းတွေကြားကခင်မင်မှုနဲ့ ကိုယ်နဲ့ဆက်စပ်နေတဲ့ဆက်ဆံရေးတွေအားလုံးကို အလေးအနက်ထားတတ်တဲ့သူဟာ လူအချင်းချင်းကြားကဆက်ဆံရေးရဲ့တန်ဖိုးကိုနားလည်သူ၊ အလေးအနက်ရှိသူတွေဖြစ်ပါတယ်။

ဒီလိုလူတွေက ကိုယ်တည်ဆောက်ထားတဲ့မိသားစုကိုလည်းတန်ဖိုးထားပြီး အပျက်စီးမခံပါဘူး၊ မဖောက်ပြန်ပါဘူး။
ဒီလိုမဟုတ်ဘဲ အရာရာကိုအလေးအနက်မထားတတ်သူ၊ တန်ဖိုးမထားတတ်သူတွေကတော့ ကိုယ့်မိသားစုပျက်စီးတာကိုလည်း နှမြောရကောင်းမှန်းမသိဘဲ ဖောက်ပြန်တတ်ကြသူတွေဖြစ်ပါတယ်။

Written by PP

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

Photo Credit to Owners