
တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ ကိုယ်ကြည့်တယ်လို့ အပြောခံလိုက်ရရင် ဘယ်သူမဆို စိတ်တိုသွားတတ်ကြပါတယ်။
ဒါပေမယ့် လူတိုင်းဟာ အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကျိုးအတွက် ကြည့်တတ်ကြတာချည်းပါပဲ။ နည်းတာနဲ့ များတာပဲ ကွာသွားတတ်တာပါ။
ခုပြောပြမယ့် ရာသီဖွား (၅) ဦးကတော့ အခြား ရာသီဖွား တွေထက် ပိုတစ်ကိုယ်ကောင်းဆန်ကြပါတယ်။ အဲ့ဒီရာသီဖွား (၅) ဦးကတော့
Aries – မိဿရာသီဖွား (မတ်လ ၂၁ ရက် – ဧပြီလ ၁၉ ရက်)
မိဿရာသီဖွားတွေဟာ သူတို့လိုချင်တာကို ရအောင် ယူတတ်ကြပါတယ်။ ဒါဟာကောင်းတဲ့အချက်မှန်း သင်လက်ခံပြီးသားပါ။
ဒါပေမယ့် တစ်ခုရှိတာက ဒီရာသီဖွားတွေဟာ ငါ့ကိုအရင်ဆုံးဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။
ဥပမာ သင်ဟာ ဈေးဝယ်စင်တာ မှာ ကုန်ပစ္စည်းတစ်ခုရှိလို့ ဒီပစ္စည်းကို လိုချင်တယ်ဆိုပါစို့။
သင်နဲ့အတူ မိဿ ရာသီဖွားတစ်ဦးကလည်း ဒါကိုလိုချင်တယ်ဆိုရင် ဒီ ပစ္စည်း ကို သင့်လက်ထဲရောက်မသွားအောင် နည်းမျိုးစုံနဲ့ကြိုစားပြီး ယူပါလိမ့်မယ်။
Taurus – ပြိဿရာသီဖွား ( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် )
ဒီ ရာသီဖွား တွေကျတော့ သူတို့အေးဆေးနေနိုင်ဖို့၊ တစ်ခုခုကို အခြေကျပြီး တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ တော်တော်လေးကြိုးစားတတ်ကြပါတယ်။
အဲ့ဒီမှာ လောဘက ကပ်ပါလာပြီး လိုချင်တာကို ရအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်ကလည်း ကပ်ပါလာပြန်တာပါပဲ။
အထူးသဖြင့် သူတို့ဟာ တစ်ခုခုဆို စိတ်ထိခိုက်လွယ်လွန်းတာကလည်း တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပိုများစေဖို့ တွန်းအားပေးတဲ့ အချက်ဖြစ်သွားပါတယ်။
ဒါ့အပြင် ပြိဿ ရာသီဖွား တွေဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုခုအတွက်ဆိုရင် တခြားလူကို ထပ်ခါထပ်ခါ တောင်းဆိုတတ်ပါသေးတယ်။
Gemini – မေထုန်ရာသီဖွား ( မေလ ၂၁ ရက် – ဇွန်လ ၂၀ ရက် )
ဟန်ဆောင်ကောင်းတယ်လို့ လူတွေပြောတတ်ကြတဲ့ မေထုန်ရာသီဖွား တွေကျတော့ အခြားလူတွေထက် အခြေအနေတစ်ခုခုကို လျင်မြန်စွာကိုင်တွယ်တဲ့ နေရာမှာ တော်ကြပါတယ်။
ဒါပေမယ့် လူတွေအထင်ကြီးအောင် ကိုယ့်မှာမရှိတဲ့ အရာတွေ လုပ်ပြတတ်တာကလည်း သူ့ရဲ့ကိုယ့်ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ စိတ်ကြောင့် ဖြစ်လာတာလို့ ပြောရပါလိမ့်မယ်။
သူကကျတော့ ငါလိုချင်တဲ့အရာ၊ ငါဖြစ်ချင်တဲ့အရာအတွက် လူတွေ အာရုံများသွားအောင် လုပ်ပြမယ်ဆိုတဲ့ လူမျိုးသာ ဖြစ်ပါတယ်။
Leo – သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် )
သိဟ်ရာသီဖွားကျတော့ ခုငါမြင်နေတဲ့အရာကို ငါပိုင်ဆိုင်ရမယ်ဆိုတဲ့ လူမျိုးပါ။ သူက အကြောက်တရားသိပ်မထားပဲ သူလိုချင်တာကို ရအောင်ယူတတ်ပါတယ်။
အဲ့ဒီယူတဲ့အခါမှာလည်း သူလုပ်ဆောင်လိုက်တဲ့အရာက တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်တောင် သူက ဆက်လုပ်တတ်တဲ့လူပါ။
ဒီရာသီဖွားတွေ သတိထားရမှာက တကယ်လို့ ကိုယ့်ဘေးမှာ အပေါင်းအသင်း အခြွေအရံတွေရှိချင်တယ် ဆိုရင် တော့ ကိုယ်ကျိုးစွန့်တဲ့ အလုပ်လေး နည်းနည်းလုပ်ပြဖို့ပါ။
Virgo – ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် – စက်တင်ဘာလ ၂၂ ရက် )
ကန်ရာသီဖွား ကျတော့ သူ့အတွက် တိုးတက်မယ်၊ အဆင်ပြေမယ်လို့ ယုံကြည်ထားရင် မှားတဲ့လမ်းကိုလိုက်ဖို့ ဝန်မလေးတတ်ပါဘူး။
ဒါလုပ်လိုက်လို့ တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး။
ဒါ့အပြင် တစ်ပါးသူကို ဝေဖန်တတ်တဲ့နေရာမှာလည်း ကန်ရာသီဖွားတွေက ပထမပါပဲ။
သူတို့ဟာ ကိုယ်မလုပ်နိုင်တဲ့အရာကို အခြားသူတွေလုပ်မယ်ဆိုတာနဲ့ အဲ့ဒီလူကို စတင်ဝေဖန်တော့တာပါပဲ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners