စဉ်းစားဖူးလား ကြက်ဥတွေ ဘာလို့အရောင်မတူလဲ (အဖြေက ဒါကြောင့်ပါ)

စဉ်းစားဖူးလား ကြက်ဥတွေ ဘာလို့အရောင်မတူလဲ

အိမ်နောက်ဖေးမီးဖိုချောင်ကိုစီမံခန့်ခွဲရတဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲ ပစ္စည်းတွေနဲ့ပတ်သက်ပြီးဗဟုသုတ ကြွယ်ဝကြပါတယ်။

ဥပမာ…. ငရုပ်သီးတွေကိုအရောင်ကြည့်ပြီး ခွဲခြားလို့ရပါတယ်။

အနီရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊အစိမ်းရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊လိမ္မော်ရောင်ငရုပ်သီးဆိုရင်ဘယ်အရသာအစရှိသဖြင့် အမျိုးအစားခွဲခြားနိုင်ပါတယ်။

ဒါပေမယ့်ကြက်ဥတွေမှာကောအရောင်ကိုကြည့်ပြီးအမျိုးအစားခွဲခြားနိုင်ပါသလား။အမျိုးအစားခွဲခြားဖို့ကောလိုပါသလား။

ကြက်ဥအမျိုးအစားဘယ်နှမျိုးရှိစူပါမားကက်တစ်ခုမှာပဲဖြစ်ဖြစ်၊ ဈေးတန်းတစ်ခုမှာပဲဖြစ်ဖြစ်အဓိကတွေ့ရမယ့် ကြက်ဥအရောင် (၂) မျိုးကတော့အဖြူရောင်နဲ့ အညိုရောင်ပါပဲ။

ဒါပေမယ့် ကြက်ဥအဖြူရောင်နဲ့အညိုရောင်ဆိုပြီးကွဲပြားနေရခြင်းရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ။

ဘာကြောင့်အဲဒီလိုမျိုးအရောင်တွေကွဲပြားနေရတာလဲ။ အထဲမှာပါတဲ့ကြက်ဥအရသာကတော့ တူတူပါပဲ။

နောက်ပြီး ကြက်ဥမွှေကြော်လုပ်မယ် ဆိုရင်လည်းတူညီတဲ့အရသာပဲထွက်လာမှာပါပဲ။

ဒါဆိုရင်ဘာလို့အခွံအရောင်တွေကွဲပြားနေရတာလဲ။

မျိုးရိုးဗီဇကြောင့်NewYorkTimesသတင်းစာကတော့ကြက်ဥတွေကိုဥတဲ့ကြက်မတွေရဲ့နားသန်သီးနဲ့အမွှေးအတောင်အရောင်ကွဲပြားမှုတွကြောင့်ကြက်ဥတွေအရောင်ကွဲပြားရတာဖြစ်ပါတယ်လို့ဆိုပါတယ်။

“မျိုးရိုးဗီဇတွေကလည်းကြက်ဥအခွံရဲ့အရောင်ကိုအဆုံးအဖြတ်ပေးပါတယ်”လို့ Dr. Buiကဆိုပါတယ်။

အမွှေးအတောင်အဖြူရောင်၊နားသန်သီးအဖြူရောင်နဲ့ကြက်မတွေဟာအဖြူရောင်ကြက်ဥတွေကိုဥပြီး အမွှေးအတောင် အနီရောင်/အညိုရောင်၊ အနီရောင်နားသန်သီးနဲ့ကြက်မတွေကတော့အညိုရောင်ကြက်ဥတွေကို ဥပါသတဲ့။

Ameraucana မျိုးစိတ်လို့ခေါ်တဲ့အီစတာကြက်ဥဥတဲ့ကြက်မတွေကတော့ အပြာရောင် အခွံနဲ့ကြက်ဥတွေကိုဥပါတယ်တဲ့။

ဒါဆိုရင်တော့ရှင်းသွားပါပြီ။ ကြက်ဥနဲ့ ကြက်မဘယ်ကစဆိုတဲ့စကားအတိုင်းပဲ။ ကြက်ဥရဲ့အရောင်ကွဲပြားမှုနဲ့ ကြက်ဥကိုဥတဲ့ ကြက်မရဲ့မျိုးရိုးဗီဇတွေဟာ ဆက်နွယ်နေပါတယ်။

ကွာခြားမှာတော့မဟုတ်ပါဘူးရိုးဗီဇကွာခြားလို့ အရသာလည်း ကွာခြားမှာတော့မဟုတ်ပါဘူ အရသာလည်း ကွာခြားမှာတော့မဟုတ်ပါဘူး။ဒါပေမယ့်အဓိကကွာခြားမှုကအရောင်တစ်ခုတည်းဆိုရင်ဘာလို့စူပါမားကက်တွေမှာ အဖြူရောင်ကြက်ဥတွေက အညိုရောင်ကြက်ဥ တွေထက်ပိုများနေရတာလဲ။

အဖြေကတော့ကုန်ကျစရိတ်ကြောင့်ပါပဲတဲ့။အညိုရောင်ကြက်ဥဥတဲ့ကြက်မတွေကအကောင်လည်းပိုကြီးပြီး မွေးမြူစရိတ်လည်းပိုမိုကုန်ကျပါတယ်တဲ့။

ဒါကြောင့်ကုန်ကျစရိတ်အားဖြင့်ပိုသက်သာပြီးပိုကိုက်တဲ့အဖြူရောင်ကြက်ဥတွေရောင်းအားကောင်းနေရတာပါ။

ကဲ…. ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်တွေမှာအဓိကနေရာတစ်ခုကပါဝင်နေတဲ့ ကြက်ဥအဖြူနဲ့အညိုကြားကကွဲပြားမှုအကြောင်းကို ရှင်းသွားလောက်ပါပြီ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners