
အိမ်တစ်အိမ်မှာ ထူးဆန်းတာတွေဖြစ်နေပြီဆိုရင် အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းက အဲ့ဒီအိမ်မှာ ပရလောကသားတွေရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။
သရဲ၊တစ္ဆေဆိုတာ တကယ်ရှိတယ်လို့လက်ခံဖို့ခက်ပေမယ့် မရှိဘူးလို့လည်း ငြင်းဖို့ခက်ပါတယ်။
တကယ်လို့ သင့်ရဲ့အိမ်မှာ ပရလောကသားတွေရှိနေခဲ့တယ်ဆိုရင် အခုဖော်ပြမယ့်လက္ခဏာတွေကို ကြုံရပါလိမ့်မယ်။
(၁) အပူချိန်ရုတ်တရက်ပြောင်းလဲခြင်း
=============================
အိမ်အတွင်းမှာ ရုတ်တရက်အပူချိန်ပိုမြင့်သွားတာမျိုး၊ ကိုယ်ရှိနေတဲ့နေရာမှာ ရုတ်တရက်ကြီးအေးသွားတာမျိုးတွေ ကြုံရတာဟာ ကိုယ့်အနားမှာ ပရလောကသားတွေရှိနေခြင်းကြောင့်ဖြစ်ပါတယ်။
(၂) အီလက်ထရောနစ်ပစ္စည်းတွေ အကြောင်းရင်းမရှိပျက်ခြင်း
=========================================
သူတို့တွေ အိမ်ထဲရှိတဲ့အခါ လျှပ်စစ်မီးသီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်တာမျိုး၊ တီဗွီ၊ ကွန်ပျူတာ စတဲ့ပစ္စည်းတွေ ရုတ်တရက် သုံးမရဖြစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) ထူးဆန်းတဲ့အနံ့အသက်တွေရခြင်း
============================
ပန်းတွေမရှိဘဲ ပန်းအနံ့ရတာမျိုး၊ ရေမွှေးမသုံးထားဘဲ ရေမွှေးနံ့ရနေတာမျိုး၊ စူးရှတဲ့အပုပ်နံ့တွေရတာမျိုး စတာတွေက ပရလောကသားတွေရဲ့အချက်ပြလက္ခဏာတွေဖြစ်တတ်ပါတယ်။
(၄) ပစ္စည်းတွေနေရာရွေ့နေခြင်း
========================
ကိုယ်သုံးနေကျပစ္စည်းတွေက ထားနေကျနေရာမှာမရှိဘဲ နေရာရွှေ့နေတာမျိုး၊ ပျောက်နေတဲ့ပစ္စည်းကို ကိုယ်ထားနေကျမဟုတ်တဲ့နေရာမှာ ပြန်တွေ့တာမျိုး ၊
ဒီလိုတွေခဏခဏဖြစ်နေတယ်ဆိုရင် ဒါဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ပရလောကသားတွေ ကိုယ့်အနီးနားမှာရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။
(၅) အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ထူးဆန်းတဲ့အပြုအမူ
========================================
အိမ်မွေးတိရစ္ဆာန်လေးတွေက အိမ်ရဲ့တစ်နေရာရာကို အချိန်အကြာကြီးစိုက်ကြည့်နေတာမျိုး၊ နံရံကိုစိုက်ကြည့်ပြီး မာန်ဖီနေတာမျိုး၊
တစ်နေရာကိုကြည့်ပြီး ထိုးဟောင်နေတာမျိုးတွေက လူတွေမမြင်ရတဲ့သရဲ၊တစ္ဆေတွေကို သူတို့မြင်နေရလို့ပါ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners