မွေးဖွားသည့် အချိန်မှပြောသော သင့်၏ ဇာတာအကြောင်း

ည သန်းကောင်ကျော် တွင်မွေးသူများ
=============================

ညမွန်း တည့်(၁၂)နာရီကျော် ၍ တစ်နာရီ၊ နှစ်နာရီ စသည့် အချိန် ပတ်ဝန်းကျင် တွင်မွေးဖွား သူများဖြစ်လျှင် ဘဝတစ် လျှောက်လုံး တွင် ဆွေမျိုး ညီအစ် ကိုမောင်နှမ များနှင့် နီးစပ် ဆက်သွယ်ရသော အကျိုး ကို ပေးကို ရလိမ့်မည်။

ညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းများ သည် ဇာတာရှင်၏ ဘဝတွင် ကောင်းကျိုး ဆိုးကျိုးပြုကြ ကုန်သော အဓိက ဇတ်ဆောင် များဖြစ်ကြ လိမ့်မည်။

မိဘမောင် ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့ တွင် အနှောင့် အယှက် အတား အဆီးတွေ့ရ သူများ ၊ မိဘမောင်ဘွားများ ကိုငဲ့ညှာ၍ အလွယ် တကူ အိမ်ထောင် မပြုနိုင်ဘဲ ရှိကြသူများ သည် သန်းခေါင် ယံကျော် တွင်မွေးကြ သူများ သာ ဖြစ်ပါသည်။

ည မွန်းတည့် သန်းခေါင်မှ (၂) နာရီ အတွင်း မွေးကြသူများ သည် ဘဝတစ်လျှောက်လုံး တွင် ခရီးတို များ မနား မနေသွားရခြင်းများ လိမ့်မည် ။

ကိုယ် စိတ်နှစ်ပါး နားနေငြိမ်ဆိမ် ရသည် ဟူ၍ မရှိပဲ တက်ကြွ လှုပ်ရှား သူများဖြစ်သဖြင့် ခရီးသွားလာခြင်း အပြင် စာပေရေးသားခြင်း လေ့လာ လိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေး တို့တွင် လေ့လာ ထူးချွန်ခြင်း တို့ဖြစ်လိမ့်မည်။

နံနက်နေ မထွက်မီ မွေးဖွားသူများ
==========================

ညသန်းခေါင်ကျော် အချိန်နှင့် နံနက် အာရုံ တက်နေထွက်ချိန် အကြား ကာလ နေမထွက်မီ တွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်း ထူးချွန် သူ များဖြစ်လိမ့်မည်။

စက် နာရီအားဖြင့် ဆောင်းတွင်း ကာလဖြစ်လျှင် နံနက် (၄)နာရီ (၅) နာရီခန့် တို့တွင် မွေးသူများ သည် ဤ အစုတွင် အားလုံး အကြုံးဝင် သူများဖြစ်သည်။

၎င်းဇာတာရှင် တို့သည် ငွေကို ရှာတတ်ဖွေ တတ် သူများ ၊ ငွေရလွယ် သူများ၊ စီးပွားဖြစ် လွယ်သူများ လည်းဖြစ်တတ်ကြသည်။ ဆရာလည်း လုပ် တတ်ကြ ၏။

ယေ ဘုယျ အားဖြင့် ဤသို့ နေမထွက်မီ မွေးကြသူများသည် စီးပွားရေးလုပ်ငန်း အရောင်း အဝယ်လုပ်ငန်း တို့ဖြင့်သာ အကျိုးပေး သူများလေသည်။

နံနက်နေ ထွက်ချိန် တွင်မွေးသူများ
============================

နံနက်နေထွက် ချိန်နှင့် နေထွက်ပြီး (၁) နာရီအတွင်း (ဆောင်းတွင်းဖြစ် လျှင် နံနက် ၆နာရီနှင့် ရနာရီ၊ နွေဖြစ်လျှင် နံံနက်၅ နာရီနှင့် ၆ နာရီခန့်ဖြစ် သည်) ၎င်း အချိန် တွင် မွေးဖွား သူများသည် ဘဝမှာ ကုသိုလ် ကံကောင်းသူ များဖြစ်လိမ့်မည်။

ကိုယ့်ကို ကိုယ် ယုံကြည် စိတ်ချခြင်း၊ ပျော်ရွှင် ဖျတ်လတ်၍ မျှော်လင့် အားတက် စိတ်မျိုးထားခြင်း စသည့် အရည်အချင်းတို့ကြောင့် ဘဝမှာ အောင်မြင်ကြီးပွား သူများဖြစ်လိမ့်မည်။ သုခ ချမ်းသာနှင့်ပြည့်စုံ သူ များဖြစ်လိမ့်မည်။

၎င်း အချိန်မွေး ဇာတာရှင်များ သည် တာဝန်ကို ခံယူဝံ့သူများ၊ အုပ်ချုပ် ကွပ်ကဲမှုတွင် ကျွမ်းကျင် သူများဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း၊ ပညာရပ် တစ်ခု ဖြင့် အသက်မွေးမှု လုပ်ငန်းတို့ တွင် အောင်မြင် ကြ သူများဖြစ်လိမ့်မည်။

ဘဝတွင်ခပ်ငယ်ငယ် အသက်ပိုင်း ကပင် စတင်၍ အခြေတည် ကြီးပွား ကြသူများ သည် ၎င်း အချိန်ပိုင်းတွင် အများအားဖြင့် မွေးဖွားသူများဖြစ်ပါသည်။

နေထွက်နှင့်နေ မွန်းတည့်ကြား
========================

အချိန် တွင်မွေးဖွား သူများ နံနက်နေထွက်နှင့် မွန်းတည့်ကြား အချိန် (နံနက် ၈နာရီ၊ ၉နာရီခန့်) တွင်မွေးဖွား သူများသည် အပေါင်းအသင်းဆန့်သူ၊ မိတ်ဆွေ သင်္ဂဟပေါများသူ၊ မိတ်ဆွေ သင်္ဂဟများနှင့် ပတ်သတ် ၍ အကျိုး ခံစားကြီးပွား ရသူများဖြစ်မည်။

၎င်းး အချိန်ပိုင်းမွေးဖွား သူများ သည် ငယ်စဉ် ကလေးဘဝ ကပင် သူငယ်ချင်း အပေါင်းအသင်း များကို ခင်မင် တွယ်တာ တတ်သူများဖြစ်သည်။

၎င်း ဇာတာရှင် များသည် ကိုယ့်ကိုကိုယ် လုံ့လဝီရိယ စိုက်ထုတ် ကြိုးစားခြင်း ထက် အပေါင်းအသင်း မိတ်ဆွေများ ၏ အကူအညီ ကိုယူ၍ ပူးပေါင်းဆောင်ရွက် မှုဖြင့် ထမြောက်အောင်မြင်ခြင်း က များလိမ့်မည်။

ထို့ကြောင့် ၎င်း အချိန်ပိုင်းမွေးဖွား သူများ သည် လူအများ စုပေါင်းတွေ့ဆုံရာဖြစ်သော အသင်းအဖွဲ့များ ၊ ကုမ္ပဏီများ၊ အစည်းအရုံးများ၊ သဟာယ ကလပ်များ စသည်တို့ တွင် ဆက်သွယ် ဝင်ရောက် ထားသင့် သည်။

စီးပွားရေး သမားများ၊ ကုန်သည်များ၊ သမဂ္ဂ၊ ဆန်စက် ပိုင်ရှင် များအသင်း၊ ပုံနှိပ် ထုတ်ဝေ သူများ အသင်း စသည် တို့ တွင် ကိုယ်နှင့် သက်ဆိုင် ရာ တွင် မပျက် မကွက် ပါဝင် တက်ရောက် ထားရမည်။ စာပေ အသိုင်း အဝိုင်း၊ စာနယ်ဇင်းလောက တွင်နေရာကောင်း တစ်နေရာ ရသူဖြစ်လိမ့်မည်။

မွန်းတည့်ချိန် အနီးကပ် ၍မွေး လျှင်
==========================

လူတို့တွင် ကိုယ့် ဘဝ၌ အရေးထားဆုံး ကိစ္စ ဟူသည် တစ်ဦး စီတွင် ရှိကြ စမြဲဖြစ်သည်။ အချို့က အချစ်ရေး၊ အိမ်ထောင်ရေး ကို အရေးကြီးဆုံး အဖြစ်ထားကြသည်။

အချို့ ကမူကျန်းမာရေး သည်သာလျှင် အရေးကြီးဆုံး ဟူ၍ မှတ်ယူကြသည်။ အချို့ ကလည်း သားသမီး၊ ဆွေမျိုး မိဘများ အရေးသည် သာလျှင် အဓိကဖြစ်သည် ဟု ယူဆကြသည်။

သို့သော် မွန်းတည့် (၁၂) နာရီ ထိုးချိန် အနီးကပ်မွေးကြ သူများသည် ဘဝတစ်သက်တာ တွင် အလုပ် အကိုင်အရေး ၊ ရာထူး ဌာနန္တရေး၊ ကြီးပွားရေး သည်သာလျှင် အရေးကြီးဆုံးဖြစ်ပေ လိမ့်မည် ။

နေမွန်း တည့် ခါနီး ကာလတွင် နီးကပ် စွာမွေးကြ သူများသည် ဘဝတွင် ကြီးပွားရမည် အောင်မြင် ချမ်းသာရမည် ဟု သိန္နဌာန် ချထားကြသူ များဖြစ်ပြီး ထိုဆုံးဖြတ်ချက် အတိုင်းလည်း အောင်မြင်လေ့ရှိသည်။

ထိုအချိန် တွင်မွေးကြ သူများသည် တန်ခိုး အာဏာ ကြီးမားခြင်း၊ ကျော်ဇော ထင်ရှားခြင်း၊ ဌာန ဆိုင်ရာ အုပ်ချုပ်ရေး တို့တွင် နေရာ ရခြင်းတို့ဖြစ် လိမ့်မည်။

ထို့ကြောင့်နေမွန်းတည့် အချိန် အနီး ကပ်၍ မွေး သူများ သည် အများ အားဖြင့် သူ့အဆင့်အတန်းနှင့် သူ ဦးစီးခေါင်းဆောင် အကြီး အကဲဖြစ် တတ်ကြ သူများ သာဖြစ်လိမ့်မည်။

နေမွန်းတည့်မှ (၂) နာရီကြားမွေးဖွားသူများ
================================

နေမွန်းတည့်မှ နေ့လည်စက် (၂)နာရီ ထိုးအကြား အချိန် တွင် မွေးဖွား သူများသည် ဘဝ တစ်သက်တာ တွင် ရပ်ဝေး သို့ပြောင်း ရွေ့ကာ အိုးအိမ် ထူထောင် အခြေ စိုက်ရခြင်း၊ နိုင်ငံရပ်ခြား ခရီးများ၊ ပင်လယ်ရေကြောင်း ခရီးများ မကြာခဏ သွားရခြင်းများ ရှိလိမ့်မည်။

၎င်း ဇာတာရှင် များသည် မွေးဖွားကြီးပြင်း သည့်နယ်မြေ မှ ကျော်လွန်သော အရပ်ဒေသ တို့တွင် ကြီးပွား ချမ်း သာအောင်မြင် ကံကောင်း လိမ့်မည်။

တစ်ရွာ မပြောင်းသူကောင်း မဖြစ် ဆိုသော စကားပုံသည် ထို သူများ အတွက်ဖြစ်လိ့မ် မည်။ ၎င်း ဇာတာရှင် များ၏ ထူးခြားချက် တစ်ရပ်မှာ ဘာသာ တရား ကိုင်းရှိုင်း ကြ၏။

အိမ်ထောင်ဘက် ၏ ဆွေမျိုး သားချင်း များသည် မိမိ အတွက် ကောင်းကျိုး ဆိုးကျိုးကို ထူးထူးခြားခြား ပေးစွမ်းနိုင် သူများဖြစ်ခြင်း၊ တရား ဥပဒေ ပညာရပ် ကို တတ်ကျွမ်းနား လည်ပြီး ဥပဒေ ဘက်တွင် အလုပ်အကိုင် လုပ်ရခြင်းများရှိ လိမ့်မည်။

မွန်းလွဲ (၂) နာရီမှ (၄) နာရီကြားမွေးလျှင်
==============================

ဤအချိန် အတွင်းမွေးဖွား သူများ အဖို့ ဘဝတစ်သက်တာ တွင် ငွေကြေးနှင့် ပတ်သက် ၍ ကြွေတစ်လက်၊ ကြက် တစ်ခုန် ဆို သကဲ့သို့ တစ်ချက်ကောင်း အစုလိုက် အပြုံလိုက် ရတတ်ခြင်း များ မကြာ ခဏ ကြုံလိမ့်မည်။

လောင်းကစား ရာတွင် အနိုင် ရခြင်း ၊ မြင်းလောင်းခြင်း ၊ ထီပေါက်ခြင်း များ တစ်ကြိမ် ထက် မနည်းဖြစ် လိမ့်မည်။

ငွေကြေးနှင့် ပတ်သတ်၍ ကိုယ်တိုင်ခြစ်ချုပ် ၍ စုဆောင်း ကာကြီးပွားရသည် ထက် ကံကောင်းထောက် မ၍ စုပုံ ရခြင်းဖြင့် ကြီးပွား ချမ်းသာ လိမ့်မည်။

၎င်း ဇာတာရှင်များ သည် အမွေ အနှစ် များ ကို အစုလိုက် အပြုံလိုက်ရ ရှိ ခံစားရမည်။ စီးပွားရေး တွင် စပ်တူ လုပ်ကိုင်ခြင်းများဖြင့် အများ ဆုံး အောင်မြင်မှု ရနေ သူများဖြစ်လိမ့်မည်။

နေဝင်ချိန် အနီး ကပ်မွေးဖွား လျှင်
=========================

ညနေ(၄)နာရီကျော်မှ (၆) နာရီ နေဝင်ရီ တရော အချိန် တွင် မွေးဖွား သူများ သည် ဦးဆောင်ခေါင်း ဆောင် လုပ်ရန် ဝန်လေး သူများဖြစ် တတ်ကြ၏။

ဘဝ တစ်လျှောက်လုံး တွင် အစိုးရဝ န်ထမ်း လခစား အလုပ် မျိုး လုပ်ကိုင် ရတတ်ပြီး သူတစ်ပါး၏ အကျိုး ဆောင်ခြင်း လုပ်ငန်း များဖြင့်သာ အကျိုးပေးတတ် ကြသည်။

ကိုယ်ပိုင် လုပ်ငန်း ကို ဦးဆောင်ပြု လျှင် အောင်မြင်မှု ရသင့်သလောက် မရပဲ ဖြစ်တတ်မည်။

နေမဝင်မီ ကာလ အပိုင်းအခြား အတွင်း မွေးဖွား သူများသည် အိမ်ထောင်ဖက် ကို အမှီပြု ၍ ကြီးပွား ချမ်းသာအောင်မြင် တတ်ကြသည်။

သို့သော် ၎င်းတို့သည် အများ အားဖြင့် အိမ်ထောင် ဘက်နှင့် စီးပွား ဘက်တို့၏ လွှမ်းမိုးခြယ်လှယ်ခြင်း ကို ခံရတတ်ပါသည်။ ၎င်း ဇာတာရှင်များ အတွက် အိမ်ထောင်ရေး သည် အရေးကြီး ဆုံး ဖြစ်၏။ အိမ်ထောင်ဘက် ကိုရွေးရာမှာ အထူး သတိပြုရွေးချယ် သင့်သည်။

မိမိ ၏ အိမ်ထောင်ဘက် သည် လူကုံထံ၊ သြဇာ အာဏာရှိသူ မျိုးထဲ မှ ဖြစ်တတ်ခြင်း၊ မာန် မာနကြီးသူ များဖြစ်တတ်ခြင်းတို့ကြောင့် အိမ်ထောင်ရေးတွင် အဆင် မပြေဖြစ်ရ တတ်သဖြင့် ၎င်းဇာတာရှင် များသည် ဘဝတစ်လျှောက် လုံး သာယာမှု ကင်းမဲ့တတ်သည် ကို အထူးနား လည်ကြ ရပေမည်။

နေဝင်ပြီး (၂) နာရီ အတွင်း မွေးဖွားလျှင်
============================

နေဝင်ပြီးနောက် (၂) နာရီကြား ကာလ အတွင်း မွေးဖွား သူများ အဖို့ ကျန်းမာရေး ကို အထူး သတိပြုရန် လိုပေသည်။ ဘဝတစ်လျှောက် လုံးတွင် အလွန်ပင် အထိခိုက်နိုင် ဆုံးသော အရေး ကိစ္စဖြစ်နေပေ လိမ့်မည်။

ထို့ကြောင့် ကျန်းမာရေး ကို အထူး ဂရုပြုရန် လိုမည်။ အထူးသဖြင့် အစာအိမ် နှင့်ဦးနှောက် အာရုံကြော ဆိုင်ရာ ရောဂါများ အတွက် စိုးရိမ် ရတတ်သည်။ အစာ မကြေ လေနာရောဂါ ဖြစ်တတ်ခြင်း၊ စိတ်တုန် လှုပ်ခြောက်ခြား လွယ်ကာ နေမကောင်း ထိုင် မကောင်း ဖြစ်လာတတ်ခြင်း တို့သည် ၎င်း ဇာတာရှင် အများစု ထဲတွင် အတော်ပင် များပေလိမ့်မည်။

ညဦးပိုင်း တွင်မွေးဖွား သူများ
======================

ညဦးပိုင်း ကာလဖြစ်သော (၈) နာရီမှ (၉) နာရီ ထိကာလ အတွင်း မွေးဖွား သူများ အတွက် အချစ်ရေး သည် အရေးကြီးနေ တတ်၏။ ၎င်းတို့ သည် အချစ်ရေးနှင့် သံယောဇဉ် ကိစ္စ များများ တတ်ကြ၏။ သားရေး သမီးရေး ကိစ္စများလည်း များတတ်ကြ၏။

စိတ်နေ စိတ်ထား အားဖြင့် ပျော်ရွှင် တက်ကြွ သူများ ဖြစ်ပြီး လောင်းကစားခြင်း တွင် လွန်စွာ ဝါသနာ ထုံတတ် မည်ဖြစ်၏။

၎င်း ဇာတာရှင် များသည် ငယ်စဉ် ကပင် အချစ်ရေး ကိစ္စ အလွန်များပြီး အရွယ်ကြီးသော ကာလ တွင် သားသမီး အလွန်များ လိမ့်မည်။ ပါတီ၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးများ ဆိုလျှင် ၎င်း ဇာတာရှင်များ လွန်စွာ နှစ်ခြိုက်လိမ့် မည်။ အောင်မြင် လိမ့်မည်။

တေးဂီတ ထုတ်လုပ်ရေး၊ ဗွီဒီယို ထုတ်လုပ်ရေး လုပ်ငန်းများဖြင့် လည်း အောင်မြင်ကြီးပွား လိမ့်မည်။

သန်းခေါင်ယံ အချိန်အနီး မွေးဖွား သူများ
============================

ည (၉)နာရီကျော် ၍ သန်းခေါင်ယံ (၁၂) နာရီ မထိုးမီ ကြား ကာလတွင် မွေးဖွား သူများ သည် ဘဝတွင် တော်တော်နှင့် လူလား မမြောက်နိုင်၊ အခြေ မကျနိုင် ပဲရှိမည့် သူများဖြစ် တတ်ကြ၏။ အသက်(၃၀) ရောက်သည့် တိုင်အောင် တစ်အိုး တစ်အိမ် ထူထောင်နိုင်ခြင်း မရှိပဲ နေရတတ်သည်။

အသက်(၃၀) ရောက်ခါမှ အလုပ်အကိုင် အခြေအနေ အတည်တကျဖြစ်ရ တတ်သည်။ အသက်(၃၀) မတိုင် မီကာလ တွင်မူ မိဘဆွေမျိုးများ အလယ်တွင် ကလေးဆိုးကြီး သဖွယ်ဖြစ်ကာ ဟိုဆွေမျိုး အိမ်တက် ဒီဆွေ မျိုးအိမ် တက် ဆိုသလို ပင် လှည့်လည်နေထိုင် ကာ ဘော်ကြော့ နေထိုင်သူများ ဖြစ်တတ်လိမ့်မည်။

ဤ ဇာတာရှင် များ သည် မိဘဆွေမျိုး အသိုင်းအဝိုင်း ကို အလွန် ခင်တွယ်တတ်ကြ သည်။

သူတို့၏ ကိုယ်စွမ်း ကိုယ်စဖြင့် လွတ်လွတ် ကျွတ်ကျွတ် မဟုတ်ပဲ ဘာမဆို မိဘဆွေမျိုး သားချင်း များကိုပင် အား ကိုမှုပြု တတ်ကြ၏။

အချို့ဇာတာရှင် များသည် မိဘဆွေမျိုး တို့၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေရ သည်နှင့်ပင် ကိုယ့်အိုး ကိုယ့်အိမ်ကို မထူထောင်နိုင်ပဲ ရှိနေတတ်သည်။

အမျိုးသမီးဖြစ်လျှင် ၎င်းအချိန်မွေးသော ဇာတာရှင်များ မှာ အများအားဖြင့် ကိုယ့် မိဘများ ကို ပြုစုစောင့်ရှောက် ရင်းပင် အပျိုကြီး ဘဝနှင့် တစ်ကိုယ်တော် ဖြစ်နေကြရ တတ်သည်။

သို့သော် ထို ဇာတာရှင် များသည် အိုးအိမ်မြေယာ ပစ္စည်းနှင့် ပတ်သတ်ပြီး ကံံကောင်း တတ်ကြ၏။ လယ်ယာ လုပ်ငန်း၊ အဆောက် အဦးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်း တို့တွင် အထူး တလည်အောင်မြင်ကြီးပွားနိုင်ကြပေသည်။

ဤသို့ နံနက် သန်းခေါင်ကျော် တစ်ချက် ထိုးကာလမှ စ၍ ည သန်းခေါင်ယံ (၁၂) နာရီထိုး ကာလ ထိ တစ်နေ့ တာပတ်လုံး မည်သည့် အချိန်တွင် မဆိုမွေးဖွားကြသူ များ၏ ကုသိုလ်ကံ အကျိုးပေး များကို အနောက် တိုင်းဗေဒင် အရ မွေးသည့် နာရီတစ်ခုတည်း ကို အခြေပြုပြီး သင့် ဘဝလမ်းညွှန်ဟော ဆို ခြင်းပြီးပြည့်စုံပြီဖြစ်သည်။

သင့် ဘဝလမ်းညွှန် အဟောများ သည် စာရှု သူတို့၏ ဘဝတာ တွင် အံ့သြ လောက်အောင် ကိုက်ညီ မှန်ကန်စွာ အကျိုးပေး လာမည်ဖြစ်ပေသည်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners