သားကို ဘာကြောင့် ပြစ်ခဲ့တဲ့တာလဲ

သားကို အရှက်ကြောင့်ပစ်ခဲ့တာလား အသက်ကြောင့် ပစ်ခဲ့တာလား လွမ်းရေးကြောင့်ပစ်ခဲ့တာလား ပြောပါ မေမေ

အမိမဲ့သား ရေနဲငါး သွေးမပျက်ပါ အမေ ပေးရက်တာ အမေ့ဆန္ဒ သံသယ ဆိုတာမထားပါရစေနဲ့တော့

သားဟာ အမေ့သားပါ အဖေထားခဲ့တာ အမေပါ အမေထားရက်တာ သားပါအမေသားကို.. အရှက်ကြောင့် ပစ်ခဲ့တာလား? အသက်ကြောင့် ပစ်ခဲ့တာလား?

လွမ်းရေးကြောင့် ပစ်ခဲ့တာလား? ဝမ်းရေးကြောင့် ပစ်ခဲ့တာလားနားလည်ပါရစေ အမေ နို့ဘူးထဲက နို့ချိုရည် အမေ့နို့ မဟုတ်မှန်းသားသိတယ်…

နူးညံ့စွာထွေးထားတဲ့လက် အမေ့လက် မဟုတ်မှန်း သားသိတယ် အသက်တစ်ချောင်းနဲ့လူသား တန်ဘိုးထားပုံခြင်းများ မှားနေသလားအမေ…

ရယ်ရင်နဲ့လွယ်ထားရတဲ့ ကာလ မွေးဖွားရတဲ့ ဒုက္ခ အမေ့ကို သနားတယ် ပစ်ပါအမေ.. စွန့်ပါအမေ.. အမေ့ကို သားဗွေမယူပါဘူးအမေထက်သာတဲ့ ဂရုဏာရှင်တို့လက် အမေအပ်ခဲ့တာဘဲလေ… အမေတာဝန်ကျေပါတယ်…

သားခံယူချင်တာ…အမေ့ဆီက မေတ္တာပါ သားခံယူချင်တာ… အမေ့ဆီက ဂရုဏာပါ..

အမေ ဪ… သားဘဝမှာ မွေးကျေးဇူးကို မမေ့သလို ကျွေးကျေးဇူးတွေ ဆပ်ရပါဦးမယ် ပုခက်တွင်းက နှလုံးသား ရေနဲငါး ဖြစ်ပါစေ…

လူးလွန့်ရင်း အသက်ရှင် ရင်ခွင်မဲ့တွေကြားမှာ အားဖြစ် သမိုင်းတခေတ်မှာ…အမေ့သား..ဟာ ဘာဖြစ်နေတယ်ဆိုတာလေးတော့ အမေသိစေချင်ပါသေးတယ်ဗျာ…

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners