အစားစားနေစဉ်နှင့် အစားစားပြီးပါက ရေခဲရေ (လုံးဝ) မသောက်သင့်တဲ့ အကြောင်းရင်း

အစားစားနေစဉ်နှင့် အစားစားပြီးပါက ရေခဲရေ (လုံးဝ) မသောက်သင့်တဲ့ အကြောင်းရင်းကိုကျန်းမာရေးဗဟုသုတအဖြစ်ပြန်လည်မျှဝေလိုက်ရပါတယ်။

မသိသေးသူများသိရှိနိုင်အောင်လည်း ပြန်လည်ကူညီပေးကြပါအုံးနော်။

ထမင်းစားနေစဉ် နှင့်ထမင်းစားပြီး၁၅မိနစ်ခန့်အချိန်အတွင်းရေခဲရေ၊အလွန်အေးသောရေနှင့်အအေးမျိုးစုံတို့ကိုမသောက်သုံးသင့်ကြောင်း နိုင်ငံတကာကျန်းမာရေးစာမျက်နှာများမှာမကြာခဏဖတ်ရှုရပါတယ်။

ကျန်းမာရေးပါရဂူကြီးများ၏ လေ့လာတွေ့ရှိချက်များ အရထမင်းစားစဉ်ရေခဲရေသောက်သောလူများနှင့်ရေနွေးသောက်သောသူများကို နှစ်ရှည်လများလေ့လာဆန်းစစ်ကြည့်ရာရေနွေးကိုသောက်သောသူများကရေခဲရေသောက်သူများထက်အနာရောဂါပိုမိုကင်းရှင်းပြီးအသက်ကလည်းပိုရှည်နေကြောင်း တွေ့ရှိရပါတယ်။

အစာစားနေစဉ်အအေးကိုသောက်လိုက်ပါက မကြာခင်ကမှစားထားသည့် အစာများကိုအဆီအခဲအဖြစ်၊အစိုင်အခဲအဖြစ်ပြောင်းလဲစေပြီးအာဟာရကိုမဖြစ်စေပဲရောဂါကိုသာဖြစ်စေပါတယ်။

၄င်းအဆီအခဲများဟာအစာအိမ်၊အူသိမ်အူမတို့ကိုထိခိုက်ပျက်စီးစေပြီး၊အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊နှလုံးသွေးကြောကျဉ်းခြင်း၊ရုတ်တရက်အသက်ရှုကျပ်စေခြင်းတို့ကိုဖြစ်စေသည့်အပြင်ရေရှည်မှာအစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာရောဂါတို့ကိုလည်း ဖြစ်နိုင်ခြေပိုများစေပါတယ်။

ယခုဆိုလျှင် ကျန်းမာရေးအသိပညာပေးအလွန်မြင့်မားသည့်နိုင်ငံများမှာ(အထူးသဖြင့်) ဂျပန်နှင့် အမေရိကတို့လိုနိုင်ငံတို့မှာ အစာမစားမီစွပ်ပြုတ်တစ်ဇွန်းနှစ်ဇွန်းခန့်ကို အရင်သောက်ပေးဖို့နဲ့အစာစားပြီးလျှင်လည်းဟင်းရည်ပူပူသို့မဟုတ်ရေနွေးကိုသာ သောက်သုံးကြသည့် အလေ့အထကိုလေ့ကျင့်ကြဖို့ တိုက်တွန်းထားနေကြပါပြီ။

ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတို့ဟာအသက်အရှည်ဆုံးနေထိုင်ကြရသည့်အကြောင်းရင်းတွေထဲမှာကျန်းမာရေးအသိပညာပေးမြင့်မားမှု ဟာလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ထို့ကြောင့်မိမ်ိတို့လည်းအနာရောဂါကင်းဝေးပြီးသက်ရှည်ကျန်းမာစွာနေထိုင်နိုင်စေ ရန်ကျန်းမာရေးအသိပညာများကိုလေ့လာလိုက်စားသင့်ပါတယ်။

အစာစားနေစဉ်နှင့်အစာစားပြီး၁၅မိနစ်အတွင်းမှာအေးသည့်အရည်များကို ရှောင်ကြဉ်ကာပူနွေးသောအရည်များကိုသာသောက်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီPost လေးကိုလည်းသင့်မိတ်ဆွေတို့အားပြန်လည်မျှဝေပေးခြင်းဖြင့်ကျန်းမာရေးအသိပညာများကိုလှူဒါန်းပေးနိုင်ကြပါတယ်။လူသားတိုင်းကျန်းမာစွာအသက်ရှည်နိုင်ကြပါစေ။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners