ပန်းတွေဝေနေအောင် ပွင့်ဖို့ ၊ အသီးတွေခဲနေအောင် သီးဖို့ အားဆေးစပ်နည်း

ပန်းတွေဝေနေအောင် ပွင့်အောင် ၊

အသီးတွေခဲနေအောင် သီးအောင် အားဆေးစပ်နည်း

ပန်းတွေဝေနေအောင် ပွင့်အောင် အားဆေးဆပ်နည်း။

အမြစ်၊အပွင့်၊အသီး အတွက်

1: 1: 1 အချိုး အားဆေးလေးပါ

1-ပါတ်အတွင်းသိသာလာ ပါလိမ့်မည်။

အထူးသဖြင့် အပင်မှအပွင့်

အပွင့်မှအသီးအတွက် အထူးကောင်းမွန်ပါတယ်ရှင့်

လိုအပ်သောကုန်ကြမ်းများ
====================

နို့ -200 cc တဘူး ၊

ပုဇွန် ငါးပိ တဇွန်း ၊

အချိုမှုန့်တဇွန်းတို့ပါဘဲ။

ပြုလုပ်ပုံ

ခွက်တခု ထဲရေနွေး နွေး-2 ဇွန်းခန့်ထည့်ပါ ပုဇွန်ငါးပိ တဇွန်းထပ်ထည့် ပြီးပျော်သွား

အောင်မွှေပါ။နောက်ထပ် အချို မုန့်တဇွန်း ထပ်ထည့်ကာ ကျေအောင်မွှေပြီး နို့200cc

ထပ်ထည့် အားလုံးသမ အောင်မွှေပါ။

အသင့် သုံး 1:1:1 အားဆေးလေးရပါပြီ။

သုံးစွဲရန်

အသင့် သုံးဆေး 1-ဇွန်း၊ရေ တလီတာပါ

20-လီတာ ဆေးဖျန်းပုံးအတွက် 20ဇွန်းပါ ရှင် ။

တပါတ်အတွင်းသိသာ ပါလိမ့်မယ်။

မပျင်မရိဘူးဆိုရင်တော့ တပါတ်တကြိမ် ဖျန်းနိုင်ပါတယ်။

အပင်သေး ငရုပ်ခရမ်းချဉ်အစရှိသည်တ်ု့ကို အပင် ထိပ်မှစတင် ပက်ဖျန်းပါ ။ဆေးများကိုစိုရွဲအောင်ဖျန်းပါကပိုမိုထိရောက်ပါတယ်။

အရွက် အပွင့်ကကျလာသော ဆေးရည် သည် ပင်ခြေ အနီးနား ကျ ရောက်ပြီး

အစာရှာ အမြစ်မှစုပ်ယူ စားသောက်ကာ ပင်စည် မှအကိုင်းအလက် အရွက် ထိုမှ

အပွင့်အားကောင်းအသီးတင်အရသာရှိအလုံးလှအထွက်တိုးစေမှာပါ ခုလုပ်ခုသုံးပါ။

သုံးမကုန်သောဆေးကိုအဖုံးပိတ်အရိပ်ထဲထားပါ ။

6-လခန့်သိမ်းဆည်းထားနိုင်ပါတယ်။

ဒေါ်အတာမေ