ဘ၀အတွက် ခွန်အားဖြစ်စေမယ့် တံမြက်စည်း (၂) ချောင်းရဲ့ ပုံပြင်လေး

(လုံးဝ good တယ်ဗျာ)ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။

ဝယ်တဲ့သူက တစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့ တစ်ချောင်းကမြေကြီးမှာလှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းကနေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ အားငယ်တတ်လာတယ်။

အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင်သိပ်ကောင်းမှာ သူ့ဘဝကျတော့နေလဲမပူ? ကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရ? ကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..သူ့ဘဝသာယာနေမှာဘဲဆိုပြီး

သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲ..ငါလိုဘဝမကြမ်းလောက်ဘူး

ငါလဲသူ့လိုဘဝရောက်ရင် သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။

ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတယ်တဲ့။စကားပြောဖြစ်ကြတယ်ပေါ့။

အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့ တံမြက်စည်းက

“သူငယ်ချင်း မင်းဘဝကသိပ်သာယာတာပဲကွာ။ငါ့လိုမကြမ်းတမ်းဘူး။မကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့!

“မင်းလိုဘဝမျိုးနေချင်လိုက်တာ”လို့ ခဏခဏပြောသတဲ့။

ဒါနဲ့အိမ်ပေါ်က…တံမြက်စည်းကပြန်ပြောလိုက်တာက

” တကယ်တော့ အပြင်မြင်ရင်တော့သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်။ မသာယာပါဘူးကွာ။လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီး ရိုက်ကြတယ်။

တယောက်နဲ့တယောက်…ဆွဲကြ လုကြတယ်။သားသမီးရိုက်ပြီးဆိုလဲ…ငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်…ဆွဲကြလုကြပြန်ရော

ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့…နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာ..ခံစားရတယ် စိတ်ရှုပ်ရတယ်။ငါက ပင်ပန်းတာမခံရပေမဲ့..စိတ်ရှုပ်စရာကြီးပါ။

နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲ…မင်းသိလား ခြေနင်းခုံနားမှာထားတာ…ဟိုလူလာလဲ တိုက်သွား…နင်းသွား နဲ့ မင်းကွာ..သေချင်စော်ကိုနံရော”လို့ပြောပြလိုက်တော့…

အိမ်အောက်တံမြက်စည်းက..သူ့ဘဝသူကျေနပ်သလိုခံစား..ခံစားရသွားတယ်တဲ့။

သူကတွေးလိုက်သည်မှာက..ဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..ဘဝဒုက္ခထွေထွေက..ငါ့ထက်များလှပါလား

တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့..သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီး..ခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက်…သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။လောကလူတွေလဲ…ပုံပြင်လေးထဲကလို…အပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့…အိမ်ကောင်းကောင်းနဲ့နေနေရတယ်

သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်…ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီး…အတွင်းပုတ်တာတွေအများကြီးပါ။

တကယ်တော့…ကိုယ်ရထားတဲ့ဘဝလေးကို…အကျိုးရှိရှိပေးဆပ်ပြီး လောကကို…အလှဆင်ခွင့်ရနေတာလေးကိုက…ကျေနပ်စရာဖြစ်အောင်…ကြိုးစားပြီးနေထိုင်သင့်ပါတယ်။

အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ..သင်းပျံ့တဲ့ရနံ့ရှိအောင်…ကြိုးစားပြီးနေထိုင်မယ်ဆိုရင်..ဘဝဟာသာယာပါတယ်။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်
Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners