
ပျော်လိုက်တာ သားရယ်….. အဖွား ဘဝမှာ ပထမဆုံး တနေ့တည်း အကုန် ရောင်းရတဲ့နေ့ 😍😍😍
အဖွား…တလုံး ဘယ်လောက်တုန်း?
၄လုံး ၁ ထောင်ကျပ်ပဲ ပေးပါ သားရယ်
အဖွား နေပူတယ်နော်….😞
ဟုတ်တယ်…သားလေးရယ်….အဖွားက တယောက်တည်းသမားဆိုတော့…ဒါလေးတွေ ရောင်းရမှ ထမင်းစားရမှာ 😢
အော….ဟုတ် အဖွား….အဖွား သရက်သီး ဘယ်နှလုံး ရှိတုန်း?
ဗန်းထဲမှာ…၃၀လောက် ရှိမယ် ထင်တယ် သား…ခြင်းထဲမှာလဲ ၄၀လောက် ကျန်သေးတယ်ထင်တယ် သား….
ဟုတ်လား အဖွား….သား အကုန်ယူမယ်လေ….
သားကို ရောင်းပြီ အဖွား နေပူတယ် အိမ်စောစော ပြန်တော့လေနော်☺😇
သားလေး….ဘယ်နာရီရှိပီလဲ..ဟင်?
(၁၀) နာရီ (၁၅) အဖွား….⏰
ဟယ်….အစောကြီးပဲ ရှိသေးတယ်….
ဟုတ်တယ်….အဖွားကို စောစော ပြန်နားစေချင်လို့ပါ 😇😍
အဖွား အလုံး (၇၀) ကို 17,500 Ks ကျတယ်နော်….
ရော့ အဖွား 70,000 Ks ယူလိုက်နော် 😍
ကျေးဇူးတင်လိုက်တာ သားလေးရယ်….အဖွား အိမ်လေး ခြေတိုင်လေး ပြန်ပြင်လို့ ရသွားပြီ … အဖွား ဝမ်းသာလိုက်တာ သားလေးရယ် 😍😍😍
ရပါတယ် အဖွားရယ်…. အိမ်ပြန်နားတော့နော်….ခြင်းလေး ခေါင်းပေါ် တင်ပြီ ကြည်မြင့်တိုင် တဖက်ကမ်းသို့ ပြန်သွားရှာတယ် 🙏🙏🙏
ကားပေါ် သရက်သီးထုပ်တွေ တင်တုန်း ဘေးနား ကွမ်းယာဆိုင်က ဦးလေးကြီးက…..
မင်းတို့ကို အဖွားကြီး ကိုယ်စား ကျေးဇူးတင်တယ်ကွာ…
သူ တနေလုံး နေမှ တလုံးတောင် ရောင်းရချင်မှ ရောင်းရတာ….
လျှောက်လာတဲ့သူတွေကလဲ ကျော်သွားကြတာပဲ တခါတလေ နေ့လည်စာတောင် မစားရဘူး ဘေးနားက ကျွေးတာလေး စားပြီ ပြန်သွားရတဲ့ ရက်တွေ မနည်းဘူး 😥😥😥
🙏 ကျနော်တို့တွေ နေ့လည်စာ ညစာ နပ်မှန်စွာ စားနိုင်နေခဲ့ပေမဲ့…..တချို့ တနေ့လုပ်မှ တနေ့မစားရတဲ့ အဖိုးအဖွားများစွာရှိနေပါသေးလား…ဗျာ 😥
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ